သီတာဟာရ ဥဏှာဟာရ ရွေးပုံ
သီတာဟာရ ဥဏှာဟာရ၂ပါါးကို ဒေသအားဖြင့်၎င်း ရသအားဖြင့်၎င်း ဂရုလဟုအားဖြင့်၎င်း သဒ္ဒအားဖြင့်၎င်း ဥတုအားဖြင့်၎င်း အပွေးအားဖြင့်၎င်း အပွင့်အားဖြင့်၎င်း အစေးအားဖြင့်၎င်း ဤ၈ပါးသော
အခြင်းအရာတို့တွင် ၁ပါး၂ပါးစသော ဆက်ဆံသော အခြင်းအရာဖြင့် ယေဘုယျရွေးယူရာ၏။
(က)ဒေသအားဖြင့်ရွေးယူပုံ
အေးသောဒေသမှာ ယေဘုယျရှိ၍ ပူသောဒေသမှာ အနည်းငယ်ရှိသော
ရေလိပ် ဖါး ရေဘဲ ရေကြက် ရေဝက် ဖွတ် မိကျောင်း ငါး ပုဇွန် ယောက်သွား ခရု ကယုကရင်း ရေကဇွန်း ကနဖေါ့ ဗြုံးမွေး လယ်ပဒူ လယ်ဟင်းခါး မုံလာ မုံညှင်း ဆလတ် ဂေါ်ဖီ ပိန်းအု မြောက်အု ကဇိန်းဥ
ပဒတ်စာဥ သဒွေးဥ အာတာလွတ်ဥ စသောအစာအာဟာရသည် သီတာဟာရမည်၏။
ပူသောဒေသမှာ ယေဘုယျရှိ၍ အေးသောဒေသမှာအနည်းငယ်ရှိသော
ယုန် သမင် ခါ ဖြောက်ဆိတ် ထနောင်း နရှာ မိုးနံ တမာ ဆူးပုပ်ငယ် အုပ်ရှစ် ကုက္ကို ကင်းပုံ သနပ်ခါး ပိုးစာ အစရှိသော ဆေးအစာာအာဟာရ
သည် ဥဏှာဟာရမည်၏။
**(ခ)ရသအားဖြင့်ရွေးပုံ
ချိုသောအရသာ ချဉ်သောအရသာ ငန်သောအရသာ ရှိသော ကြံရေ
ထန်းရေ အုန်းရေ ပေရေ ဓနိရေ သကြား ထန်းလျက် ကြံသကာ ပျားရေ ငှက်ပျောသီးမှည့် သင်္ဘောသီးမှည့် သြဇာသီးမှည့် ချိုသောမုံ့ နို့ဟူသမျှ
ကျောက်ချဉ် ပန်းသီး နှင်းသီး သဗျက်သီး လိမ္မော်သီး ရှောက်သီး သမ္ဘရာသီး နာနပ်သီး ဒူးရင်းသီး သရက်သီး မရမ်းသီး မှန်ကူသီး ခံသီး
မန်ကျည်းသီး သီးသီး သစ်တော်သီး သစ်ချိုသီး သလဲသီး ချဉ်ပေါင် လက်လုပ်ချဉ် ခရမ်းချဉ် ကင်ပွန်းချဉ် ဆား ဆားပုပ် သိန္ဒော ဆပ်ပျာ ဆော်ဒါ ပျာ ဤဆေးအာဟာရစုသည် သီတဆေးအာဟာရမည်၏။
စပ်သော အရသာရှိသော ငြုပ်ကောင်း ဂျင်း ပိတ်ချင်း လေးညှင်း ဇာဒိပ္ဖိုလ် လင်းနေ ကွမ်းရွက် ငရုပ်သီး အစရှိသောဆေးအာဟာရသညu်
ဥဏှဆေးအာဟာရမည်၏။
*(ဂ)ဂရုလဟုအားဖြင့်ရွေးပုံ
လေးသောသဘောရှိသော ကျွဲ ဝက် ကုန်းလလိပ် ဘဲ ပွေး
ကြံ့ ဗူး ဖရုံ ဖရဲ သခွား သပွတ် ခဝဲ ပဲစန္ဒကူ ပဲနတ္တော် တဇောင်းခါး ဂန့်ဂလာ စသော အစာအာဟာရသည် သီတအစာအာဟာရမည်၏။
လျင်မြန်ပေါ့ပါးသောသဘောရှိသော နွား ဆိတ် မြင်း ဆတ် သမင် ဂျီ ယုန် ကြောင် ရှင့် စင်ခံပေးမှသာ များစွာသီးသော ကြက်ဟင်းခါး နွေပဲစသောအစာအာဟာရသည် ဥဏှအစာ အအာဟာရမည်၏။
*(ဃ)*သဒ္ဒအားဖြင့်ရွေးပုံ
အသံထိုင်းသော ကျွဲ ဝက် ဘဲ ခို အစရှိသောအစာ
အာဟာရသည် သီတအစာအာဟာရမည်၏။
အသံအောင်သော နွား ကြက် ဂျိုး ခါ ကျီး ဇရက် အစရှိသော
အစာအာဟာရသည် ဥဏှအစာအာဟာရမည်၏
*(င)*ဥတုအားဖြင့်ရွေးပုံ
သီတဥတုမှာသီးပွင့်သော ပိန္နဲ နာနတ် လိမ္မော် ရှောက်
သမ္ဘရာ ဇောင်းလျား အစရှိသော အစာအာဟာရသည်
သီတအစာအာဟာရမည်၏
ဥဏှဥတုမှာသီးပွင့်သော နွေပဲ ခွေးတောက် ပဲကြီး
ပဲစိမ်းငုံစသောအစာအာဟာရသည် ဥဏှအစာအာဟာ
ရမည်၏။
*(စ)*အပွေးအာဖြင့်ရွေးပုံ
အပွေးနက် အပွေးနီသောဖန်ခါး သပြေ သဖန်း သနပ်
မယ်ဇလီအစရှိသော အစာအာဟာရသည် သီတအစာ
အာဟာရမည်၏
အပွေးဖြူသော ဒန့်သလွန် ကြောင်လျာ ဖြောက်ဆိတ်
ကုက္ကို ခတက် အစရှိသောအစာအာဟာရသည် ဥဏှ
အစာအာဟာရမည်၏။
*(ဆ)*အပွင့်အားဖြင့်ရွေးပုံ
အပွင့်နီဝါသောဗမာမယ်ဇလီ သင်္ဘောမယ်ဇလီ ငုရွှေ
ပြည်ပန်းညို အစရှိသော အစာအာဟာရသည် သီတအစာ
အာဟာရမည်၏
အပွင့်ဖြူသော ဒန့်သလွန် သမုန်း တမာ ဆူးခေါက်နက်
မင်းကိုးကာ လက်ထုပ်ကြီး ခင်ပုတ်အစရှိသောအစာ
အာဟာရသည် ဥဏှအစာအာဟာရမည်၏။
*(ဇ)*အစေးအားဖြင့်ရွေးပုံ
အစေးရှိသော ရှားဇောင်းကြီး ခင်ပုပ် မရိုးကြီး လက်ထုတ်ကြီး ကြာဟင်း ကုန်းကဇွန်း နရှာ ခွေးတောက် ကနခို သင်္ဘောသီးစိမ်း လသာ အစရှိသော အစာအာဟာရသည် ဥဏှအစာအာဟာရမည်၏။

Comments
Post a Comment