သြဠာရိကာဟာရ သုခုမာဟာရ

သြဠာရိကေ ဝတ္ထုသ္မိံ သြဇာ မန္ဒာ ဟောတိ။ သုခုမေ ဗလဝတီ( (အဋ္ဌသာလိနီ) သြဠာရိကေ-ရုန့်ရင်းကြမ်းထန်းသော။ ဝတ္ထုသ္မိံ-ထမင်းစသောဝတ္ထု၌။ သြဇာ-ရှိသောသြဇာသည်။မန္ဒာ-နုံ့သည်(ဝါ)နည်းသည်။ဟောတိ-ဖြစ်၏။ သုခုမေ-သိမ်မွေ့နူးညံ့သော။ဝတ္ထုသ္မိံ-ထောပတ်စသောဝတ္ထု၌။သြဇာ- ရှိသောသြဇာသည်။ဗလဝတီ-အားကြီးသည်(ဝါ)များပြားသည်။ ဟောတိ- ဖြစ်၏။ ကြမ်းထန်းသော လူးထမင်း ပြောင်းထမင်း ဆတ်ထမင်းစသောဝတ္ထု၌ကိန်းသော သြဇာသည် ဝတ္ထုကြမ်းထန်း၍ အနှစ်အစေးနည်းပါးသောကြောင့် နုံ့နည်း၏။ သိမ်မွေ့နူးညံ့သော ထောပတ်နွားနို့စသော ဝတ္ထု၌ ကိန်းသောသြဇာသည် ဝတ္ထုသိမ်မွေ့ နူးညံ့၍ အနှစ်အစေး များပြားသောကြောင့်အားကြီး၏။ ကြမ်းထန်းသောဝတ္ထုကို မှီ၍ဖြစ်သော သြဇာသည် ဝတ္ထုကြမ်းတန်းသော ကြောင့် သြဠာရိကသြဇာမည်၏။ နူးညံ့သောဝတ္ထုကိုမှီ၍ဖြစ်သောသြဇာ သည် ဝတ္ထုသိမ်မွေ့နူးညံ့သောကြောင့် သုခုမသြဇာမည်၏။ ထို့ကြောင့် ကြမ်းတန်းသော လူးထမင်း ပြောင်းထမင်းစသည်တို့ကို စားသောသူသည် ထိုလူးထမင်းပြောင်းထမင်းစသည်တို့၌ သြဇာနည်းပါး သဖြင့် ပါစကဓာတ်မီးချက်၍ ကြေကျက်လွယ်သောကြောင့် တစ်ခဏမျှ မွတ်သိပ်ဆာလောင်ခြင်းဖြစ်တတ်၏။ သိမ်မွေ့နူးညံ့သော ထောပတ် နွားနို့စသည်တို့ကို စားသောက်သူသည် ထိုထောပတ်နွားနို့စသည် တို့၌ သြဇာများပြားအားကြီးသဖြင့် ပါစကဓာတ်မီး ချက်၍မကျက်လွယ် မကြေလွယ်သောကြောင့် တစ်နေ့ပတ်လုံး ထမင်းမစားဘဲနေနိုင်၏။ ထို့ကြောင့် အဋ္ဌကထာ၌ ကုဒြူသကဘတ္တာဒီနိ ဟိ ဘုဉ္ဇိတွာ မုဟုတ္တေနေ ဝ ဆာတော ဟောတိ။ သပ္ပိအာဒီနိ ပိဝိတွာ ဌိတဿ ဒိဝသမ္ပိ ဘတ္တံ န ရုစ္စတိ။ဟုမိန့်ျတော်မူ၏။ ဤအဋ္ဌကထာကိုထောက် ဆေးအရာ၌ လိမ္မာ သော ဆေးဆရာတို့သည် ပါစကဓာတ်မီး နည်းနေ ညံ့နေသောသူတို့အား သြဇာများသော ထောပတ်နွားနို့စသော အစာ အာဟာရကို မပေးသင့် အကယ်၍ပေးခဲ့သော် ဝမ်းမီးမချက်နိုင်၍ ပုပ်သိုး ခြင်းသို့ရောက်ပြီးလျှင် ရောဂါမှာ တိုး၍သာလာရာ၏။ သြဇာနည်းပါးသော လူးထမင်းစသည်တို့ကို ကြမ်းတန်းခြင်းကြောင့် သူနာတို့ မစားနိုင်လျှင် စားနိုင်အောင် အမှုန့်ပြု၍ မုံ့သော်လည်း လုပ်ပေးရာ၏။

Comments

Popular posts from this blog

သီတဥတုနှင့်ဥဏှဥတု လောင်ကျွမ်းပုံအထူး

မဟာဇာတိဝင်္ဂ

သီတတေဇောစာ