ကဗဠီကာဟာရ၏ လက္ခ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်
ကဗဠီကာဟာရသည် ပကတိမျက်စိဖြင့် မမြင်ကောင်းသော ထူးသော
ပရမတ္ထသဘာဝ အနှစ်အစေးသြဇာလက္ခဏာရှိ၏။ အာဟာရဇရုပ်ကို
ဆောင်ခြင်းကိစ္စရှိ၏။ စတုသမုဋ္ဌာနိကရုပ်ဟုဆိုအပ်သော ရူပကာယကို
ထောက်ပံ့ခြင်းလျှင်ဉာဏ်အားရှေးရှုထင်ခြင်းပစ္စုပဋ္ဌာန်ရှိ၏။ စားခြင်းဝါးခြင်း
လျက်ခြင်းစသော အလုပ်အလွေးကိုပြု၍ မျိုအပ်သောထမင်းမုံ့စသော ဝတ္ထုလျှင် နီးစွာသော အကြောင်းရင်းပဒဋ္ဌာန်ရှိ၏။
**သြဇာလက္ခဏော ကဗဠီကာဟာရော။
ရူပါဟရဏရသော။ ဥပတ္ထမ္ဘနပစ္စုပဋ္ဌာနော။ ကဗဠံ ကတွာ အာဟရိတဗ္ဗ
ဝတ္ထုပဒဋ္ဌာနော။ (အဋ္ဌသာလိနီ)
Comments
Post a Comment