Posts

Showing posts from September, 2014

သဝိညာဏကသန္တာန်၌အပူကြောင့်အာပေါ၏အာဗန္ဓနမဖြစ်

အသက်မရျှိသော အဝိညာဏကသန္တာန်၌ ဥတုဇရုပ်တစ်ပါးသာရှိ၍ သည်းခြေ သလိပ် ပြည် သွေး စသောအာပေါဓာတ်၁၂ပါးမရှိ။ သွားခြင်း ရပ်ခြင်း အစရှိသော ဣရိယာပုထ်အမူအရာမရှိ။ ထိုကြောင့် အာပေါဓာတ်၏ ဖွဲ့စည်းခြင်း အာဗန္ဓနသဘော ဖြစ်နိုင်၏။ ဥပမာ ရွှံ့ညွန်၏ အရည်သည် ပူပြင်းသော နေရှိန်နှင့် တွေ့ထိခဲ့လျှင် ဖွဲ့စည်းခြင်း အာဗန္ဓနသဘောသို့ရောက်ရ၏။ ရေနှင့်တွေ့ထိပြန်သော် အရည်ဖြစ်ခြင်း ပဂ္ဃရဏသဘောသို့ ရောက်ရပြန်၏။ ဖရောင်းခဲမှာ အပူနှင့်တွေ့ထိလျှင် ယိုစီးခြင်း ပဂ္ဃရဏသဘောသို့ရောက်ရ၏။ အအေးနှင့်တွေ့လျှင် ဖွဲ့စည်း ခြင်းအာဗန္ဓန ခက်မာခြင်း ကက္ခဠသဘောသို့ ရောက်ရပြန်၏။ ဤသို့ အဝိညာဏကသန္တာန်၌ အပူအအေးကြောင့် ဖွဲ့စည်းခြင်းနင့် ယိုစီးခြင်းဖြစ်သင့်၏။ သဝိညာဏကသန္တာန်၌ကား စတုဇရုပ်ဖြစ်၍ သည်းခြေ သလိပ် စသော အာပေါဓာတ်၁၂ပါးလည်းရှိ၏။ သွားခြင်း စသောဣရိယာပုထ် အမူအရာလည်းရှိ၏။ ထိုကြောင့် အအေးသီတနှင့်တွေ့လျှင် သည်းခြေ သလိပ် ပြစ်ခြင်း ခဲခြင်း သွေး ပြည် ပြစ်ခြင်း ခဲခြင်း ချွေးမထွက်ခြင်း အဆီ အစေးမထွက်ခြင်း စသော အာပေါဓာတ်၏ အာဗန္ဓနသဘောသို့ ရောက်ရ၏။ အပူဥဏှနှုင့်တွေ့ထိလျှင် ထိုကဲ့သို့ အာဗန္ဓနသဘောသို့ မရောက်မူမူ၍ ပဂ္ဃရဏသဘောသို့ ရောက်ရပြန်၏။ အ...

အဝိညာဏကနှင့်သဝိညာဏက ဖြစ်စဉ်ချင်းမတူ

အဝိညာဏကသန္တာန်မှာ ရှိသောဓာတ်၎ပါးသည် ဥတုဇဓာတ်သာဖြစ်၏။ သဝိညာဏကသန္တာန်မှာရှိသောဓာတ်၎ပါးသည် စတုဇဓာတ်ဖြစ်၏။ ဤသို့ ဓာတ်ချင်းမတူသောကြောင့် ဖြစ်စဉ်ခြင်းလည်း မတူကြ။ အဝိညာဏကသန္တာန်၌ ဓာ၎ပါးတို့သည် တေဇောဝါယောအာပေါပထဝီ ဤအစဉ်အတိုင်းဖြစ်ကြ၏။ ဖြစ်ပုံမှာ ရွှံ့ခဲတစ်ခု၏ အလိုအလျောက် ပေါ်ပေါက်ဖြစ်လာခြင်းမှာ ရွှံ့ရေ၏ နေပူရှိန် နှင့်တွေ့ကြုံ၍ ပူမှုသည် တောဇောဓာတ်မည်၏။ နေရှိန်အခိုးအငွေ့ကြောင့် ၎င်းရွှံ့ရေပြစ်လာမှုသည် ဝါယောဓာတ်မည်၏။ ပြော့ပျောင်းလာမှုသည် အပေါဓာတ်မည်၏။ ခက်မာလာမှုသည် ပထဝီဓာတ်မည်၏။ ဤသို့ ဓာတ်၎ပါးတို့၏ မရှေးမနှာင်းတစ်ပေါင်းတည်း မိမိကိစ္စသတ္တိဖြင့် ရွက်ဆောင်မှုကြောင့် ရွှံ့ခဲဖြစ်ပေါ်၍လာရ၏။ သဝိညာဏကသန္တာန်၌ ဓာတ်၎ပါးတို့သည် ပထဝီ အာပေါ တေဇော ဝါယော ဤအစဉ်အတိုင်း ဖြစ်ကုန်၏။ ဖြစ်ပုံမှာ သတ္တဝါတို့၏ ပဋိသန္ဓေအခါ၌ အမိသားအိမ် စင်ကြယ်သန့်ရှင်းမှုသည် ပထဝီမည်၏။ ကလလရေကြည်တည်မှုသည် အာပေါဓာတ်မည်၏။ ရေကြည်၁သတ္တာဟပြည့်သည်မှစ၍ ၁၀သတ္တာဟမြောက်သည်တိုင်အောင် အမြှုပ် သားတစ် အခဲ ခက်မ၅ဖြာ စက္ခု သောတ ဃာန ဇိဝှာ ရုပ်ကလာပ်တို့၏ ရင့်ကျက်မှုသည် တေဇောဓာတ်မည်၏။ ၁၁သတ္တာဟမှစ၍ ၄၂သတ္တာဟမြောက်သည်တိုင် အောင် ဆံ မွေးညှင်း...

အာပေါဓာတ်နှင့် အာပေါပထဝီဓာတ်တို၏အာဗန္ဓနသဘော

သတ္တဝါတို့၏ အဇ္ဈတ္တသန္တာန်၌ သွေးပြစ်ခြင်း သလိပ်ပြစ်ခြင်း ချွေးမထွက်ခြင်း အဆီအစေးမထွက်ခြင်း စသော အာပေါဓာတ်၁၂ပါးတို့၏ ပြစ်မှု ထိုင်းမှု ခြောက်မှုသည် အာပေါဓာတ်၏အာဗန္ဓနသဘောမည်၏။ အာပေါဓာတ်ဖွဲ့စည်းမှုလွန်ကဲသောအခါ တေဇော ဝါယော ယုတ်လျှော့ခြင်းကြောင့် သွေးခဲခြင်း သလိပ်ခဲခြင်း ဝမ်းထဲ၌အခဲပေါခြင်း အနာလုံးပေါ်ခြင်း ထုံကျင်ခြင်း အကွက်ပေါခြင်း မုတ်ကြီးခြင်း ဆတ်ဆံကဲ့ သို့တည်ခြင်း စသော အာပေါဓာတ်၁၂ပါးတို့၏ ပထဝီသဘောသို့ရောက် အောင် ကြမ်းတန်းစွာ ဖွဲ့စည်းခြင်းသည် အာပေါဓာတ်နှင့်ပထဝီဓာတ်တို့၏ ရောနှောသော အာပေါပထဝီဓာ၏ အာဗန္ဓနသဘောမည်၏

ဖေါဋ္ဌဗ္ဗာရုံရကောင်းသောဓာတ်

ဓာတ်ကြီး၎ပါးတို့တွင် အာပေါဓာတ်သည် အာဗန္ဓနသတ္တိ ရှိငြားသော်လည်း နူးညံ့သိမ်မွေ့သောသဘောရှိသော ကြောင့် တွေ့ထိ၍မရကောင်းသော ဓာတ်မည်၏။ ထို့ကြောင့် ၎င်းအာပေါဓာတ် လွန်ကဲသော ပုဂ္ဂိုလ်မှာ ဓာတ်သဘောသို့လိုက်၍ ထုန်ခြင်း ကျဉ်ခြင်း ကွက်ခြင်း စသော တွေ့ထိ၍ မနာမကျင်သော ဝေဒနာတို့သည် ဖြစ်ပေါ်တတ်ကုန်၏။                ကြွင်းသောဓာတ်၃ပါးသည် အာပေါဓာတ်ကဲ့သို့ နူးညံ့သိမ်မွေ့ခြင်းမရှိဘဲ အာပေါဓာတ်ထက် ကြမ်းတန်းသောသဘောရှိသောကြောင့် တွေ့ထိ၍ရကောင်းသောဓာတ်မည်၏။ထိုကြောင့် ၎င်းဓာတ်၃ပါးကို ဖောဋ္ဌဗ္ဗာရုံအဖြစ်ဖြင့် ဟောတော်မူ၏။ **အာပေါဓာတုယာ သုခုမဘာဝေန ဖုသိတုံ အသက္ကုဏေ ယျတ္တာ ဝုတ္တံ "အာပေါဓာတုဝိဝဇ္ဇိတံ ဘူတတ္တယသင်္ခါတ"န္တိ။ (ဋီကာကျော်)

ဓာတ်လွန် ဓာတ်ယုတ် ဓာငုပ်

ဓာတ်သည် လွန်ဓာတ် ယုတ်ဓာတ် ငုပ်ဓာတ်ဟူ၍၃ပါး၏။ ထိုတွင် ပထဝီဓာတ်နှင့်အာပေါဓာတ်သည် အသေဓာတ် ဖြစ်သောကြောင့် လွန်ခြင်း ယုတ်ခြင်း ငုပ်ခြင်းမှာ မထင်ရှား။ တေဇောဓာတ်နှင့်ဝါယောဓာတ်သည် အရှင်ဓာတ်ဖြစ်သော ကြောင့် လွန်ခြင်း ယုတ်ခြင်း ငုပ်ခြင်းမှာ ထင်ရှား၏။ ထို့ကြောင့်  ဤအရာ၌ တေဇောဓာတ်နှင့်ဝါယောဓာတ်ကို သာ ပြအံ့။                  ဗဟိဒ္ဓသန္တာန်၌ သီတဥတုနှင့်တွေ့ကြုံ၍ ဥတုဇသီတပထဝီ ဥတုဇသီတအာပေါ ပတ်ဖွဲ့သဖြင့် တေဇောနှင်ဝါယောဓာတ် ပွာများလွန်ကဲခြင်းသည် ဓာတ်လွန်သည်မည်၏။                   သန္တာန်၂ပါး၌ ဥတုဇသီတပထဝီသီတအာပေါ အာဟာရဇသီတပထဝီ သီတအာပေါဓာတ် လွန်ကဲခြင်း ကြောင့် တေဇောဓာတ်နှင့်ဝါယောဓာတ် အားနည်းခြင်း သည် ဓာတ်ယုတ်သည်မည်၏။                  အဇ္ဈတ္တသန္တာန်၌ တေဇောဓာတ်နှင့်ဝါယောဓာတ်၂ပါးသည် ဗဟိဒ္ဓသန္တာန် ဥဏှဥတုနှုင့် သမဘာဂဖြစ်ခိုက် လွန်ကဲသော ဥတုဇ အာဟာရဇသီတပထဝီ သီတအာပေါ သီတဝါယောဓာတ် တို့နှင့် ကြုံကြိုက်သောအခါ အေးဖွဲ့သော ပထဝီ အာပေါ ပဋိပက္ခဓာတ်ကိုကြောက်...

ဓာတ်ကြီး၎ပါးတို့၏ကောဋ္ဌာသဓာတ်

Image
ဓာတ်ကြီး၎ပါးသည် ပထဝီဓာတ်၂၀  အာပေါဓာတ်၁၂ တေဇောဓာတ်၎  ဝါယောဓာတ်၆  ပေါင်း၄၂ပါးရှိ၏။ ထိုတွင် ဆံပင် အမွေး ခြေသည်း လက်သည်း သွား  အရေ အသား  အကြော အရိုး ခြင်ဆီ အညှို့ နှလုံး အသည်း အမြှေး အဖျဉ်း အဆုတ် အူမ အူသိန် အစာသစ် အစာဟောင်း ဦးနှောက်   ဤ၂၀သောဓာတ်သည် ပထဝီဓာတ်မည်၏။     သည်းခြေ သလိပ် ပြည်  သွေး ချွေး အဆီခဲ  မျက်ရည် ဆီကြည် တံထွေး နှပ် အစေး ကျင်ငယ်  ဤ၁၂ပါးသော ဓာတ်သည် အာပေါဓာတ်မည်၏။      ပါစကတေဇော-ချက်သောတေဇော ဒါဟတေဇော-ပူသောတေဇော သန္တပ္ပနတေဇော-ဖျားသောတေဇော ဇိရဏတေဇော-အိုသောတေဇော ဤ၄ပါးသောဓာတ်သည် တေဇောဓာတ်မည်၏။ ထိုတွင် ပါစကတေဇော ဒါဟတေဇော ၂ပါးသည် ပူသော သဘောရှိသောကြောင့် ဥဏှတေဇောမည်၏။ သန္တပ္ပနတေဇော ဇိရဏတေဇော၂ပါးသည် အေးသော သဘောရှိကြောင့် သီတတေဇောမည်၏။   ပါစကတေဇောသည် ရေနေ မိကျောင်း ငါး စသောသတ္တဝါ ကုန်းနေ ဘဲစသော အချို့သော သတ္တဝါ  ဤသတ္တဝါတို့၏ သန္တာန်၌ရှိသော ပါစကသည် သီတပါစကမည်၏။ ကုန်းနေလူသတ္တဝါ အချို့သော တိရစ္ဆာန်သတ္တဝါ  ဤသတ္တဝါတို့၏ သန္တာန်၌ရှိသော ပါစကသည် ဥဏှပါစက မည်၏။ ...

ဓာတ်၂၈ပါးပြားပုံ

Image
ပထဝီစသော ဓာတ်ကြီး၎ပါးတို့သည် အဇ္ဈတ္တသန္တာန်၌ သီတဥဏှ၂ပါးကြောင့် ၇ပါးပြား၏။ ထို၇ပါးသောဓာတ် သည် ၄ပါးသောအကြောင်းကိုစွဲ၍ ၂၈ပါးပြား၏။            *၂၈ပါးကား* ကမ္မဇသီတပထဝီ ကမ္မဇသီတအာပေါ ကမ္မဇသီတတေဇော ကမ္မဇသီတဝါယောဟူ၍၄ပါး စိတ္တဇသီတပထဝီ စိတ္တဇသီတအာပေါ စိတ္တဇသီတတေဇော စိတ္တဇသီတဝါယောဟူ၍၄ပါး ဥတုဇသီတပထဝီ ဥတုဇသီတအာပေါ ဥတုဇသီတတေဇော ဥတုဇသီတဝါယောဟူ၍၄ပါး အာဟာရဇသီတပထဝီ အာဟာရဇသီတအာပေါ အာဟာရဇသီတတေဇော အာဟာရဇသီတဝါယောဟူ ၍၄ပါး ပေါင်း သီတအကြောင်းကြောင့်၁၆ပါး။ ကမ္မဇဥဏှပထဝီ ကမ္မဇဥဏှတေဇော ကမ္မဇဥဏှဝါယောဟူ၍၃ပါး စိတ္တဇဥဏှပထဝီ စိတ္တဇဥဏှတေဇော စိတ္တဇဥဏှဝါယောဟူ၍၃ပါး ဥတုဇဥဏှပထဝီ ဥတုဇဥဏှတေဇော ဥတုဇဥဏှဝါယောဟူ၍၃ပါး အာဟာရဇဥဏှပထဝီ အာဟာရဇဥဏှတေဇော အာဟာရဇဥဏှဝါယောဟူ၍၃ပါး ပေါင်းဥဏှအကြောင်းကြောင့်၁၂ပါး ပေါင်း၂၈ပါးဖြစ်၏။ သီတကြောင့်ဖြစ်သောဓာတ်၁၆ပါးသည် ဂရုဓာတ်မည်၏။ ဥဏှကြောင့်ဖြစ်သောဓာတ်၁၂ပါးသည် လဟုဓာတ်မည်၏။ ***ကေန ရုပ္ပတိ။ သီတေနာပိ ရုပ္ပတိ ဥဏှေနာပိ ရုပ္ပတိ။ ရူပံ-စတုသမုဋ္ဌာနိကရုပ်သည်။ ကေန-အဘယ်အကြောင်း ကြောင့်။ရုပ္ပတိ-ဖေါက်ပြန်သနည်း။ ရူပံ-စတုသမုဋ္ဌာနိက ရုပ်သည်။သီတေနာပိ-အအေးသီတကြောင့်လည်း။ ရုပ္ပတိ-ဖေါက်ပြန...

ဂရုဓာတ် လဟုဓာတ်ခွဲပုံ

ဓာတ်၁၆ပါးတွင် ကမ္မဇပထဝီ ကမ္မဇအာပေါ ၂ပါး စိတ္တဇပထဝီ စိတ္တဇအာပေါ၂ပါး ဥတုဇပထဝီ ဥတုဇအာပေါ၂ပါး အာဟာရဇပထဝီ အာဟာရဇအာပေါ၂ပါး ပေါင်း၈ပါးသည် လေးသောသဘောရှိသောကြောင့် ဂရုဓာတ်မည်၏။ ကမ္မဇတေဇော ကမ္မဇဝါယော၂ပါး စိတ္တဇတေဇော စိတ္တဇဝါယော၂ပါး ဥတုဇတေဇော ဥတုဇဝါယော၂ပါး အာဟာရဇတေဇော အာဟာရဇဝါယော၂ပါး ပေါင်း၈ပါးသောဓာတ်သည် ပေါ့သောသဘောရှိသော ကြောင့် လဟုဓာတ်မည်၏။ အဇ္ဈတ္တသန္တာန်၌ သီတပထဝီ သီတအာပေါ သီတတေဇော သီတဝါယော၎ပါး ဗဟိဒ္ဓသန္တာန်၌ သီတပထဝီ သီတအာပေါ သီတတေဇော သီတဝါယော ၄ပါး ပေါင်း၈ပါးသည် လေးသောသဘောရှိသောကြောင့် ဂရုဓာတ်မည်၏။ အဇ္ဈတ္တသန္တာန်၌ ဥဏှပထဝီ ဥဏှတေဇော ဥဏှဝါယော ၃ပါး ဗဟိဒ္ဓသန္တာန်၌ ဥဏှပထဝီ ဥဏှတေဇော ဥဏှဝါယော ၃ပါး ပေါင်း၆ပါးသည် ပေါ့သောသဘောရှိသောကြောင့် လဟုဓာတ်မည်၏။

သန္တာန်၂ပါးကိုစွဲ၍ ဓာတ်၁၄ပါး

ဓာတ်တို့သည် သာမညအားဖြင့်၎ပါးရှိသော်လည်း သီတဥဏှ၂ပါးကြောင့် ၇ပါးပြား၏။ ထို၇ပါးသည် သန္တာန် ၂ပါးကိုစွဲ၍ ၁၄ပါးပြား၏။                  ၁၄ပါးဟူသော်ကား အဇ္ဈတ္တသန္တာန်၌ သီတပထဝီ သီတအပေါ သီတတေဇော သီတဝါယော ဥဏှပထဝီ ဥဏှတေဇော ဥဏှဝါယောဟူ၍ ၇ပါး                    ဗဟိဒ္ဓသန္တာန်၌ သီတပထဝီ သီတအာပေါ သီတတေဇော သီတဝါ ဥဏှပထဝီ ဥဏှတေဇော ဥဏှဝါယောဟူ၍ ၇ပါး  ပေါင်း၁၄ပါး

အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်၂ပါး

သန္တာန်သည် အတွင်းအဇ္ဈတ္တသန္တာန် အပဗဟိဒ္ဓသန္တာန် ဟူ၍၂ပါးရှိ၏။ ထိုတွင် အသက်ရှိသောသတ္တဝါတို့၏ သန္တာန်၌ အကျုံးဝင်၍ မိမိကိုယ်ကို စွဲ၍ဖြစ်သော သန္တာန်သည် အဇ္ဈတ္တသန္တာန်မည်၏။  အသက်မရှိသော တောတောင်အစရှိသော သန္တာန်၌အကျုံးဝင်သော ဣနြေ္ဒ နှင့်မစပ်သော သန္တာန်သည် ဗဟိဒ္ဓသန္တာန်မည်၏။  ***အဇ္ဈတ္တန္တိ နိယကဇ္ဈတ္တံ။ ဗဟိဒ္ဓါတိ ဗာဟိရံ။ (အဋ္ဌသာလိနီ ၃၇၄)

အကြောင်း၎ပါးစွဲ၍ ဓာတ်၁၆ပါးပြားပုံ

Image
မဟာဘုတ်၎ပါးတို့သည် ၄ပါးသောအကြောင်းတို့ကြောင့် ဖြစ်သောကြောင့် စတုသမုဋ္ဌာနိကရုပ်တို့မည်၏။        ထိုစတုသမုဋ္ဌာနိကရုပ်တို့သည် အကြောင်း၎ပါးကိုစွဲ၍ ၁၆ပါးပြားကုန်၏။       **ကံအကြောင်းကိုစွဲ၍ ကမ္မဇပထဝီ ကမ္မဇအာပေါ ကမ္မဇတေဇော ကမ္မဇဝါယောဟူ ၍၄ပါး   **စိတ်အကြောင်းကိုစွဲ၍ စိတ္တဇပထဝီ စိတ္တဇအာပေါ စိတ္တဇတေဇော စိတ္တဇဝါယောဟူ ၍၄ပါး    **ဥတုအကြောင်းကိုစွဲ၍ ဥတုဇပထဝီ ဥတုဇအာပေါ ဥတုဇတေဇော ဥတုဇဝါယောဟူ ၍၄ပါး       **အာဟာရအကြောင်းကိုစွဲ၍ အာဟာရဇပထဝီ အာဟာရဇအာပေါ အာဟာရဇတေဇော အာဟာရဇဝါယောဟူ၍၄ပါး  ပေါင်း၁၆ပါး။   ***ဤဓာတ်၎ပါးပြားပုံကို နည်းမှီ၍   အာကာသဓာတ်ကို လည်း ကမ္မဇာကာသ စိတ္တဇာကာသ ဥတုဇာကာသ အာဟာရဇာကာသဟူ၍၄ပါးယူလေ။ ***အဝိနိဗ္ဘောဂရူပါနိ စေဝ အာကာသဓာတု စ စတူဟိ သမ္ဘ္ဘူတာနိ။(သင်္ဂဟ)

ရုပ်ကိုဖြစ်စေတတ်သောအကြောင်း၎ပါး

Image
ရုပ်ကိုဖြစ်စေတတ်သော အကြောင်းတရားတို့သည် ကံ စိတ် ဥတု အဟာရဟူ၍၄ပါးရှိကုန်၏။                  (ကံ အရ) ထို၎ပါးတို့တွင် ကာမကုသိုလ်အကုသိုလ်စိတ်၂၀၌ယှဉ်သော စေတနာ၂၀ ရူပကုသိုလ်၅ပါး၌ယှဉ်သောစေတနာ၅ပါး ပေါင်းဤကုသိုလ် အကုသိုလ်စေတနာ၂၅ပါးသည် ရုပ်ကို ဖြစ်စေတတ်သော ကံမည်၏။    ထိုကံသည် ဂရုကံ လဟုကံဟူ၍ ၂ပါးအပြားရှိ၏။ ထိုတွင် ဤဆေးပေးသောအရာ၌ လေးသော ကောင်းကျိုး မကောင်းကျိုးကိုဖြစ်စေတတ်သောကံသည် ဂရုကံမည်၏။ ပေါ့သော ကောင်းကျိုးမကောင်းကျိုးကို ဖြစ်စေတတ်သော ကံသည် လဟုကံမည်၏။                              (စိတ်အရ) စိတ်၈၉ပါးတွင် အရူပဝိပါက်စိတ်၎ခု ဒွိပဉ္စဝိညာဏ်၁၀ ရဟန္တာတို့၏စုတိစိတ်ကြဉ်သော ၇၅ပါးသောစိတ်သည် ရုပ်ကိုဖြစ်စေတတ်သောစိတ်မည်၏။                 ထိုစိတ်သည်လည်း အကျဉ်းအားဖြင့် ဂရုစိတ် လဟုစိတ်ဟူ၍၂ပါးအပြားရှိ၏။ ထိုတွင် သဒ္ဓါ ဝီရိယ လဟုတာ မုဒုတာ ကမ္မညတာ လောဘ ဒေါသ မာန ပီတိ သောမနဿဝေဒနာ စသောစေတသိက်တို့နှင့်ယှဉ်သော...

ဓာတ်၇ပါး၌အကြောင်းဓာတ်၂ပါး အကျိုးဓာတ်၅ပါးပြားပုံ

ဓာတ်၇ပါးတို့တွင် သီတတေဇောဓာတ် ဥဏှတေဇောဓာတ် ၂ပါးသည် ကြွင်းသောဓာတ်၅ပါးကိုဖြစ်စေတတ်သောကြောင့် အကြောင်းဓာတ်မည်၏။ ကြွင်းသောဓာတ်၅ပါးသည် တေဇောဓာတ်၂ပါး ပြုပြင်စီရင်သမျှ ဖြစ်ပေါ်ရသောကြောင့် အကျိုးဓာတ်မည်၏။ ထို့ကြောင့် ကမ္မပစ္စယဥတုဇ စိတ္တပစ္စယဥတုဇ ဥတုပစ္စယဥတုဇ အာဟာရပစ္စယဥတုဇ ရုပ်ကလာပ်တို့ သည် ဖြစ်ပေါ်လာရကုန်၏။  ဤနေရာ၌ ဥတုဟူသော ပုဒ်အရ သီတတေဇော ဥဏှတေဇော၂ပါးကို ယူအပ်၏။

ဓာတ်၎ပါးတို့၏ ဓာတ်၇ပါးပြားပုံ

ဓာတ်၎ပါးတို့တွင် ပထဝီဓာတ်သည် သီတဥဏှ၂ပါးကြောင့် ခက်မာကြမ်းတန်းလေးလံခြင်းဂရုသဘောရှိသော ကက္ခဠ ဖရုသ ဂရုက သီတပထဝီ   သိမ်မွေ့နူးညံ့ ပေါ့ပါးခြင်း သဘောရှိသော မုဒုက သဏှ လဟုက ဥဏှပထဝီဟူ၍ ၂ပါးအပြားရှိ၏။ **ဧတ္ထ စ ကက္ခဠံ မုဒုကံ သဏှံ ဖရုသံ ဂရုကံ လဟုကန္တိပဒေဟိ ပထဝီဓာတုဧဝ ဘာဇိတာ။ (အဋ္ဌသာလိနီ ၃၆၈) အနက်*စ-ဆက်ဦးအံ့။ဧတ္ထ-ဤကက္ခဠံ အစရှိသောပုဒ်တို့ တွင်။ကက္ခဠံ-ကက္ခဠပုဒ်၎င်း။ မုဒုကံ-မုဒုကပုဒ်၎င်း။ သဏှံ- သဏှပုဒ်၎င်း။ ဖရုသံ-ဖရုသပုဒ်၎င်း။ဂရုကံ-ဂရုကပုဒ်၎င်း။ လဟုကံ-လဟုကပုဒ်၎င်း။ဣတိ ဣမေဟိ ပဒေဟိ-ဤပုဒ် တို့ဖြင့်။ ပထဝီဓာတုဧဝ-ပထဝီဓာတ်ကိုသာ။ ဘာဇိတာ-ဝေဖန်တော်မူအပ်ပြီ။ ****                           ****                               **** အာပေါဓာတ်သည်လည်း သီတကြောင့် ဖွဲ့စည်းခြင်း လက္ခဏာရှိသော သီတအာပေါ  ယိုစီးခြင်းပဂ္ဃရဏလက္ခ ဏာရှိသော သီတအာပေါဟူ၍၂ပါးအပြားရှိ၏။ **သာ ပဂ္ဃရဏလက္ခဏာ။ အာဗန္ဓနလက္ခဏာ ဝါ။ (လက္ခဏပကာသနီ ဋီကာ) အနက်။ သာ-ထိုအာပေါဓာတ်သည်။ ပဂ္ဃရဏလက္ခဏာ- ယိုစီးခြင်းလက္ခဏာရှိ၏။ ဝါ-တစ်နည်း။ အာဗန...

ဓာတ်၅ပါးတို့၏ သဘာဝလက္ခဏာနှင့်သာမညလက္ခဏာ

ကြမ်းတန်းခြင်း ကက္ခဠလက္ခဏာ  နူးညံ့ခြင်းမုဒုကလက္ခဏာသည် ပထဝီဓာတ်၏သဘာဝ လက္ခဏာမည်၏။ ဖွဲ့စည်းခြင်းအာဗန္ဓနလက္ခဏာ  ယိုစီးခြင်းပဂ္ဃရဏလက္ခဏာ သည် အာပေါဓာတ်၏ သဘာဝလက္ခဏာမည်၏။ အေးမြခြင်းသီတလက္ခဏာ ပူလောင်ခြင်းဥဏှလက္ခဏာ သည် တောဇောဓာတ်၏ သဘာဝလက္ခဏာမည်၏။ ဖေါင်းပွထောက်ကန်ခြင်းဝိတ္ထမ္ဘိတလက္ခဏာ လှုပ်ရှားခြင်း သမီရဏလက္ခဏာသည် ဝါယောဓာတ်၏သဘာဝလက္ခဏာမည်၏။ ကံစိတ်ဥတုအာဟာရတည်းဟူသော အကြောင်းတရား ၄ပါးတို့၏ ပြုပြင်စီရင်ခြင်းကြောင့် ကက္ခဠလက္ခဏာမှ ဖေါက်ပြန်၍ မုဒုကလက္ခဏာဖြစ်ခြင်းသည်၎င်း မုဒုကလက္ခဏာမှဖေါက်ပြန်၍ ကက္ခဠလက္ခဏာဖြစ်ပေါ် ခြင်းသည်၎င်း ပထဝီဓာတ်၏သင်္ခတလက္ခဏာမည်၏။ အာဗန္ဓနလက္ခဏာမှ ဖေါက်ပြန်၍ ပဂ္ဃရဏလက္ခဏာ ဖြစ်ပေါ်ခြင်းသည်၎င်း ပဂ္ဃရဏလက္ခဏာမှဖေါက်ပြန်၍ အာဗန္ဓနလက္ခဏာဖြစ် ပေါ်ခြင်းသည်၎င်း အာပေါဓာတ်၏သင်္ခတလက္ခဏာ မည်၏။ သီတလက္ခဏာမှဖေါက်ပြန်၍ ဥဏှလက္ခဏာဖြစ်ပေါ် ခြင်းသည်၎င်း ဥဏှလက္ခဏာမှဖေါက်ပြန်၍ သီတလက္ခဏာဖြစ်ပေါ်ခြင်း သည်၎င်း တေဇောဓာတ်၏သင်္ခတလက္ခဏာမည်၏။ ဝိတ္ထမ္ဘိတလက္ခဏာမှဖေါက်ပြန်၍ သမီရဏလက္ခဏာ ဖြစ်ပေါ်ခြင်းသည်၎င်း သမီရဏလက္ခဏာမှဖေါက်ပြန်၍ဝိတ္ထမ္ဘိတလက္ခဏာ ဖြစ်ပေါ်ခြင်းသည်၎င်း ဝါယောဓာတ်၏သင်္ခတလက္ခဏာ မည်၏။ ထိုသင်္ခတလက္ခဏာဖြစ်ပေါ်မှုကြောင့် ဥပါဒ် ဌီ ဘင်အစဉ်...

အာကာသဓာတ်၏ မိဿကနှင့်ပဋိပက္ခ

တေဇောဓာတ်နှင့်ဝါယောဓာတ် ၂ပါးသည် အာကာသဓာတ် ၏ ပွင့်လင်းကြည်လင်ရာ အကြောင်းသဘောရှိသောကြောင့် အာကာသဓာတ်၏ မိဿကမည်၏။ ပထဝီဓာတ်နှင့်အာပေါဓာတ်၂ပါးသည် အာကာသဓာတ်၏ မပွင့်မလင်း ပိတ်ဆို့ခြင်း အကြောင်း သဘောရှိသောကြောင့် အာကာသဓာတ်၏ ပဋိပက္ခဓာတ် မည်၏။ ထို့ကြောင့် သတ္တဝါတို့၏ အဇ္ဈတ္တသန္တာန်မှာ အာပေါ ပထဝီ အစာများကို များစွာစားမိသောအခါ၌၎င်း သီတဥတုနှင့်များ စွာ တွေ့ဆုံမိသောအခါ၌၎င်း ရင်ခံခြင်း ရင်လေးခြင်းဖြင့် လည်ချောင်းပေါက်အာကာသပိတ်ဆို့မှု ဓာတ်လေချုပ်ခြင်း ဖြင့် ဝစ္စမဂ်ပေါက်အာကာသပိတ်ဆို့မှု ဆီးချုပ်ခြင်းဖြင့် ပဿာဝမဂ်ပေါက်အာကာသပိတ်ဆို့မှု ဤ၃ပါးသော ပိတ် ဆို့မှုသည် မူလအာကာသပိတ်ဆို့မှုမည်၏။ ဤမူလအာကာသပိတ်ဆို့မှုကြောင့် ချွေးမထွက်ခြင်း အစေးမထွက်ခြင်း အဆီမထွက်ခြင်းဟုဆိုအပ်သော အရိုး ကြား အကြောကြား အသားကြား အရေကြား အာကာသ ပိတ်ဆို့မှု ဖြစ်ပေါ်ရပြန်၏။ ဤပိတ်ဆို့မှုသည် အာကာသငယ် ပိတ်ဆို့မှုမည်၏။ ဤသို့ မူလအာကာသ အာကာသငယ် ပိတ်ဆို့မှုဖြစ်ရခြင်း သည် မိမိနှင့်ဆန့်ကျင်ဘက်ဖြစ်သော အာပေါ ပထဝီဓာတ် လွန်ကဲခြင်းကြောင့် ဖြစ်သည်ဟုမှတ်အပ်၏။

ဓာတ်လေးပါးကို မိဿက စသည်ခွဲပုံ

ဓာတ်လေးပါးတွင် ပထဝီဓာတ်နှင့်အာပေါဓာတ်သည် ရောရှက်ခြင်း သင့်တင့်ခြင်းသဘောရှိသောကြောင့် မိဿကဓာတ်မည်၏။ လေးသောဂရုသဘောခြင်းတူ မျှသောကြောင့် သဘာဂဓာတ်မည်၏။ လေးသောသဘော ရှိသောကြောင့် ဂရုဓာတ်မည်၏။ အမြဲနေသောအိမ်ရှင်နှင့် တူသောကြောင့် အာဝါသိကဓာမည်၏။ မရွေ့မရှား သေသောသူနှင့်တူသောကြောင့် အသေဓာတ်မည်၏။ တေဇောဓာတ်နှင့်ဝါယောဓာတ်သည် ရောရှက်ခြင်း သင့်တင့်ခြင်းသဘောရှိသောကြောင့် မိဿကဓာတ်မည်၏။ ပေါ့သောလဟုသဘောခြင်းတူမျှသောကြောင့် သဘာဂဓာတ်မည်၏။ ပေါ့သောသဘောရှိသောကြောင့် လဟုဓာတ်မည်၏။ အခိုက်အတန့်နေသောဧည့်သည် နှင့်တူသောကြောင့် အာဂန္တုကဓာတ်မည်၏။ ရွေ့ရှားခြင်းသဘောရှိ၍ အသက်ရှင်သောသူနှင့်တူသော ကြောင့် အရှင်ဓာတ်မည်၏။ *ထိုကြောင့် မီးနှင့်ကားလေ ရေနှင့်မြေ မိတ်ဆွေတော်ကြ သဟာယ ဟုဆိုရိုးပြုကြကုန်၏။ ပထဝီဓာနှင့်ဝါယောဓာတ် အာပေါဓာတ်နှင့်တေဇောဓာတ် သည် မရောမရှက် မသင့်တင့်သော သဘောရှိသောကြောင့် ပဋိပက္ခဓာတ်မည်၏။ သဘောခြင်း မတူသောကြောင့် ဝိသဘာဂဓာတ်မည်၏။ *ထို့ကြောင့် မီးနှင့်ကားရေ လေနှင့်မြေ မိတ်ဆွေမစပ် ပဋိဃတ် ဟုဆိုရိုးပြုကြကုန်၏။

အာကာသဓာတ်

အာကာသဓာတ်သည် ရုပ်ကလာပ်တို့ကို မရောမရှက်ရ အောင် ပိုင်းခြားခြင်းလက္ခဏာ  ရုပ်ကလာပ်တို့၏ အစွန်အ ဖျားကို ထင်စွာပြခြင်းကိစ္စ  အပိုင်းအခြားအရေးအသားလျှင် ရှေးရှုထင်ခြင်းပစ္စုပဋ္ဌာန်  ပိုင်းခြားအပ်သောရုပ်လျှင် နီးစွာသောအကြောင်းရင်းပဒဋ္ဌာန်ရှိ၏။ **ရူပပရိစ္ဆေဒလက္ခဏာ အာကာသဓာတု။ ရူပပရိယန္တပကာသနရသာ။ ရူပမရိယာဒပစ္စုပဋ္ဌာနာ။ ပရိစ္ဆိန္နရူပပဒဋ္ဌာနာ။(အဋ္ဌသာလိနီအဋ္ဌကထာ ၃၆၈) အနက်*အာကာသဓာတု-အာကာသဓာတ်သည်။ ရူပပရိစ္ဆေဒလက္ခဏာ- ရုပ်ကလာပ်တို့ကိုမရောမရှက်ရ အောင် ပိုင်းခြားခြင်းလက္ခဏာရှိ၏။ ရူပပရိယန္တပကာသန ရသာ-ရုပ်ကလာပ်တို့၏ အစွန်အဖျားကို ထင်စွာပြခြင်း ကိစ္စရှိ၏။ ရူပမရိယာဒပစ္စုပဋ္ဌာနာ- ရုပ်ကလာပ်တို့၏အပိုင်း အခြားအရေးအသားလျှင်ရှေးရှုထင်ခြင်းရှိ၏။ ပရိစ္ဆိန္နရူပပဒဋ္ဌာနာ-ပိုင်းခြားအပ်သောရုပ်ကလာပ်လျှင် နီးစွာသောအကြောင်းရင်းရှိ၏။

ဝါယောဓာတ်

ဝါယောဓာတ်သည် ထောက်ကန်ဖေါင်းပွလှုပ်ရှားခြင်းလက္ခဏာ  ရွေ့ရှားမြွက်ဆိုခြင်းကိစ္စ  ရှေးရှုဆောင်ခြင်းလျှင်ရှေးရှုထင် ခြင်းပစ္စုပဋ္ဌာန်  ကြွင်းသောဓာတ်၃ပါးလျှင်နီးစွာသောအကြောင်းရင်း ပဒဋ္ဌာန်ရှိ၏။ *ဝါယောဓာတု ဝိတ္ထမ္ဘိတလက္ခဏာ။ သမုဒီရဏရသာ။ အဘိနီဟာရပစ္စုပဋ္ဌာနာ။ သေသတ္တယပဒဋ္ဌာနာ။(အဋ္ဌသာလိနီအဋ္ဌကထာ ၃၆၈) အနက်*ဝါယောဓာတု-ဝါယောဓာတ်သည်။ ဝိတ္ထမ္ဘိတလက္ခဏာ-ထောက်ကန်ဖေါင်းပွလှုပ်ရှားခြင်း လက္ခဏာရှိ၏။ သမုဒီရဏရသာ-ရွေ့ရှားမြွက်ဆိုခြင်းကိစ္စ ရှိ၏။ အဘိနီဟာရပစ္စုပဋ္ဌာနာ-ရှေးရှုဆောင်ခြင်းလျှင် ရှေးရှုထင်ခြင်းရှိ၏။ သေသတ္တယပဒဋ္ဌာနာ-ကြွင်းသော ဓာတ်သုံးပါးလျှင်နီးစွာသောအကြောင်းရင်းရှိ၏။

တေဇောဓာတ်

တေဇောဓာတ်သည် ပူလောင်ခြင်းလက္ခဏာ  ရင့်ကျက်ခြင်းကိစ္စ  နူးညံ့ခြင်းကိုဖြစ်စေခြင်းလျှင် ရှေးရှုထင်ခြင်းပစ္စုပဋ္ဌာန်  ကြွင်းသောဓာတ်၃ပါးလျှင် နီးစွာသောအကြောင်းရင်းပဒဋ္ဌာန်ရှိ၏။ **တေဇောဓာတု ဥဏှတ္တလက္ခဏာ။ ပရိပါစနရသာ။ မဒ္ဒဝါနုပ္ပါဒနပစ္စုပဋ္ဌာနာ။သေသတ္တယပဒဋ္ဌာနာ။ (အဋ္ဌသာလိနီ အဋ္ဌကထာ ၃၆၈) အနက်*တေဇောဓာတု-တေဇောဓာတ်သည်။ဥဏှတ္တလက္ခဏာ-ပူလောင်ခြင်းလက္ခဏာရှိ၏။ ပရိပါစနရသာ-ရင့်ကျက်ခြင်းကျေခြင်းကိစ္စရှိ၏။ မဒ္ဒဝါနုပ္ပါဒနပစ္စုပဋ္ဌာနာ-နူးညံ့ခြင်းကိုဖြစ်စေခြင်းလျှင်ရှေးရှု ထင်ခြင်းရှိ၏။ သေသတ္တယပဒဋ္ဌာနာ- ကြွင်းသောဓာတ်၃ပါး လျှင်နီးစွာသောအကြောင်းရင်းရှိ၏။

အာပေါဓာတ်

အာပေါဓာတ်သည် ယိုစီးခြင်းလက္ခဏာ တစ်နည်း ဖွဲ့စည်းခြင်းလက္ခဏာ  ပွားစီးခြင်းကိစ္စ  ပေါင်းစုခြင်းလျှင်ရှေးရှုထင်ခြင်း ပစ္ဇုပဋ္ဌာန်  ကြွင်းသော ဓာတ်၃ပါးလျှင် နီးစွာသောအကြောင်းရင်း ပဒဋ္ဌာန်ရှိ၏။ **အာပေါဓာတု ပဂ္ဃရဏလက္ခဏာ။ ဗြူဟနရသာ။ သင်္ဂဟပစ္စုပဋ္ဌာနာ။ သေသတ္တယပဒဋ္ဌာနာ။ (အဋ္ဌသာလိနီ အဋ္ဌကထာ ၃၆၈) အနက်*အာပေါဓာတု-အာပေါဓာတ်သည်။ ပဂ္ဃရဏလက္ခဏာ-ယိုစီးခြင်းလက္ခဏာရှိ၏။ ဗြူဟနရသာ-ပွားစီးခြင်းကိစ္စရှိ၏။ သင်္ဂဟပစ္စုပဋ္ဌာနာ-ပေါင်းစု၍ ယူခြင်းလျှင် ရှေးရှုထင်ခြင်းရှိ၏။ သေသတ္တယပဒဋ္ဌာနာ-ကြွင်း သောဓာတ်၃ပါးလျှင် နီးစွာသောအကြောင်းရင်းရှိ၏။ အာပေါဓာတ်သည် ယိုစီးခြင်းပဂ္ဃရဏ သဘောသာရှိသည် မဟုတ်သေး ဖွဲ့စည်းခြင်း အာဗန္ဓန သဘောလည်းရှိသေး၏။ ထိုအာဗန္ဓနသဘောကို ရည်၍ သမ္မော အဋ္ဌကထာ၌ အာပေါဓာတူတိ အာဗန္ဓနဓာတု ဟုမိန့်တော်မူ၏။ အာပေါဓာတူတိ-အာပေါဓာတ်ဟူသည်ကား။ အာဗန္ဓနဓာတု-ဖွဲ့စည်းခြင်းသဘောရှိသောဓာတ်တည်း။

ပထဝီဓာတ်

ပထဝီ အာပေါ တေဇော ဝါယောဟူသော ဓာတ်ကြီးလေးပါး တို့တွင် ပထဝီဓာတ်သည် ကြမ်းတန်း ခက်မာ တောင့်တင်း ခြင်းလက္ခဏာ- မရွေ့မရှားတည်တန့်ခြင်းကိစ္စ-  တစ်ပါးသောဓာတ်တို့အား မိမိနှင့်အတူ တပေါင်းတည်းဖြစ် ရန် ခံလင့်ခြင်းအခြင်းအရာလျှင် ရှေးရှုထင်ခြင်းပစ္စုပဋ္ဌာန် ကြွင်းသောဓာတ်သုံးပါးလျှင် နီးစွာသောအကြောင်းရင်း ပဒဋ္ဌာန်ရှိ၏။ **ကက္ခဠတ္တလက္ခဏာ ပထဝီဓာတု ။ ပတိဋ္ဌာနရသာ။ သမ္ပဋိစ္ဆနပစ္စုပဋ္ဌာနာ။ သေသတ္တယပဒဋ္ဌာနာ။(အဋ္ဌသာလိနီ အဋ္ဌကထာ ၃၆၈) **အနက်။ ပထဝီဓာတု-ပထဝီဓာတ်သည်။ ကက္ခဠတ္တလက္ခဏာ-ကြမ်းတန်းခက်မာတောင့်တင်းခြင်း လက္ခဏာရှိ၏။ ပတိဋ္ဌာနရသာ-မရွေ့မရှားတည်တံ့ခြင်း ကိစ္စရှိ၏။ သမ္ပဋိစ္ဆနပစ္စုပဋ္ဌာနာ-တစ်ပါးသောဓာတ်တို့အား တပေါင်းတည်းဖြစ်ရန် ခံလင့်သောအခြင်းအရာလျှင်ရှေးရှု ထင်ခြင်းရှိ၏။ သေသတ္တယပဒဋ္ဌာနာ- ကြွင်းသောဓာတ်၃ ပါးလျှင်နီးစွာသောအကြောင်းရင်းရှိ၏။

မဟာဘုတ်

ပထဝီစသော ဓာတ်ကြီးလေးပါးတို့သည် မိမိတို့၏ ကက္ခဠ စသောလက္ခဏာအားဖြင့် ကြီးကျယ်ကုန်သည် ဖြစ်၍ ထင်ရှားဖြစ်ပေါ်ကုန်သောကြောင့် သမုဒ္ဒရာ စကြဝဠာ တောတောင်ရေမြေ ငါးကြီး အသူရိန်နတ် ဗြဟ္မာကြီးစသော သက်ရှိသက်မဲ့ အဆောက်အဦတို့သည် ကြီးကျယ်စွာ ထင်ရှားဖြစ်ပေါ်ကုန်၏။ ထိုအဆောက်အဦတို့၏ ကြီးကျယ် မှု ထင်းရှားမှုတို့သည် ပထဝီစသော ဓာတ်ကြီးလေးပါးတို့ ၏ ကြီးကျယ်ခြင်း ထင်ရှားခြင်းကြောင့် ဖြစ်ကုန်၏။ ထို့ကြောင့် ထိုပထဝီစသော ဓာတ်ကြီးလေးပါးတို့သည် မဟာဘုတ်မည်ကုန်၏။(ဝါ)မဟာဘုတ်ဟု ခေါ်ဆိုအပ်ကုန် ၏။ *သလက္ခဏတော သသမ္ဘ္ဘ္ဘာရတော စ မဟန္တာနိ ဟုတွာ ဘဝန္တိ ပါတုဘဝန္တီတိ မဟာဘူတာနိ။(ပရမတ္ထဒီပနီ) အနက်*သလက္ခဏတော စ=မိမိတို့၏ သဘောလက္ခဏာ အားဖြင့်၎င်း။ သသမ္ဘာရတော စ=မိမိတို့၏ အဆောက်အဦ အားဖြင့်၎င်း။ မဟန္တာနိ-ကြီကျယ်ကုန်သည်။ ဟုတွာ-ဖြစ်၍။ ဘဝန္တိ ပါတုဘဝန္တိ-ထင်ရှားဖြစ်ပေါ်တတ်ကုန်၏။ ဣတိတသ္မာ-ထို့ကြောင့်။မဟာဘူတာနိ-မဟာဘုတ်တို့ မည်၏။