Posts

Showing posts from 2015

ဓာတ် ဝေဒနာ ဥတု အာဟာရ ရောနှောပြ

သီတပထဝီဓာတ်လွန်ကဲခြင်းကြောင့် ဖြစ်သောအနာသည် သီတပထဝီနာမည်၏။ ထိုသီတပထဝီနာသည် သီတဥတုအတွင်း၌ ဖြစ်လျှင် အနာနှင့်ဥတုမှာ သဘာဂဖြစ်သော်လည်း ဥတုနှင့်ဆေးအစမှာ ဝိသဘာဂဖြစ်သောကြောင့် ဥတုကိုနိုင်အောင် ဥဏှတေဇောဆေးအစာကို ယေုဘုယျပေးပြီးမှ ဥဏှပထဝီ;ဥဏှဝါယော ဆေးအစာတို့ကို ထိုက်သင့်စွာပေး၍ ကုသင့်ရာ၏၊ ဥတုနှင့်ဆေးအာဟာရ သဘာဂဖြစ်စေရန် လိမ်းဆေးလိမ်းခြင်း ချွေးအောင်းခြင်း မီးမှိုင်းခံခြင်း ရေနွေးမှိုင်းခံခြင်း ကျပ်ထုပ်ထိုးခြင်း နှာနှတ်ခြင်း မျက်စဉ်းခတ်ခြင်းစသော ဥဏှဥတုကို ကူ၍ပေးသင့်ရာ၏။ သိုမဟုတ်လျှင် ဥဏှဥတုသို့ရောက်အောင် ဆွဲငင်၍ ကုသသင့်၏။ ၎င်းသီတပထဝီနာသည် ဥဏှဥတုအတွင်း၌ ဖြစ်ပေါ်လာလျှင် ဥတုနှင့်ဆေးအစာမှာ သဘာဂဖြစ်သောကြောင့် ဥဏှတေဇောဆေး အစာကို စိတ်ချစွာပေပြီးမှ ဥဏှပထဝီ ဥဏှဝါယော ဆေးအစာတို့ကို ထိုက်သင့်စွာ ပေးသင့်၏။ အနာနှင့်ဥတု သဘာဂဖြစ်လျှင် အနာမှာအားရှိ၍ ဆေးအစာမှာ အားနည်းခဲ့၏ ထိုအခါ ဆေးပေး၍ လွယ်ကူစွာ မပျောက်နိုင် ဥတုနှင့်ဆေးအစာ သဘာဂဖြစ်လျှင် ဆေးအစာမှာ အားရှိ၍ အနာမှာ အားနည်းခဲ့၏။ ထိုအခါ ဆေးပေး၍ အနာမှာ လွယ်ကူစွာ ပျောက်ကင်းနိုင်၏။ ထို့ကြောင့် ဥတုနှင့်မဆန့်ကျင်စေဘဲ ဆေးအစာတို့ကို ပေးသင့်၏။ အခွင့်မသာလျှင် ဥတုကို ပြုပြ...

ဝေဒနာ ဥတု အာဟာရ ရော၍ပြ

သီတနာ ၃ပါးသည် ဥဏှဥတုအတွင်း၌ သီတဆေးအစာကို စားသောသူအား ဥတုနှင့် ဆေးအစာ ဝိသဘာဂဖြစ်သောကြောင့် ယေဘုယျဖြစ်တတ်၍ သီတဥတုအတွင်း၌ သီတဆေးအစာကို စားသောသူအား ဥတုနှင့် ဆေးအစာ သဘာဂဖြစ်သောကြောင့် အနည်းငယ်ဖြစ်တတ်၏။ ပျောက်ကင်းသောအခါ ဥဏှဥတုအတွင်း၌ ဥဏှဆေးအစာကို စားသောသူအား ဥတုနှင့် ဆေးအစာ မိဿကဖြစ်သောကြောင့် ယေဘုယျပျောက်ကင်း၍ သီတဥတုအတွင်း၌ ဥဏှဆေးအစာကို စားသောသူအား ဥတုနှင့် ဆေးအစာ ပဋိပက္ခဖြစ်သောကြောင့် အနည်းငယ် ပျောက်နိုင်၏။ အစိတ်အားဖြင့်ကား  သီတပထဝီနာသည်  ဥဏှဥတုအတွင်း၌ သီတပထဝီစာကို စားသောသူအား ယေဘုယျဖြစ်တတ်၍ ဥဏှဥတုအတွင်း၌ သီတဝါယောစာ သီတတေဇောစာတို့ကို စားသောသူအား၎င်း သီတဥတုအတွင်း၌ သီတပထဝီစာကို စားသောသူအား၎င်း အနည်းငယ်ဖြစ်တတ်၏  ပျောက်သောအခါ ဥဏှဥတုအတွင်း၌ ဥဏှတေဇောစာကို စားသောသူအား ယေဘုယျ ပျောက်ကင်း၍ ဥဏှဥတုအတွင်း၌ ဥဏှပထဝီ ဥဏှဝါယောစာတို့ကို စားသောသူအား၎င်း  သီတဥတုအတွင်း၌ ဥဏှတေဇောစာကို စားသောသူအား၎င်း အနည်းငယ်ပျောက်နိုင်၏ **သီတဝါယောနာသည် ဥဏှဥတုအတွင်း၌ သီတဝါယောစာကို စားသောသူအား ယေဘုယျဖြစ်တတ်၍ ဥဏှဥတုအတွင်း၌ သီတပထဝီစာ သီတတေဇောစာတို့ကို စားသောသူအား၎င်း သီတဥတုအတွင်း၌ သီတဝါယောစာကို စားသောသူအား၎င်း အနည်းငယ်ဖြစ်...

ဝေဒနာ အာဟာရ ရောပြ

သီတနာ၃ပါးသည် သီတဆေးအစာကို များစွာစားသောသူတို့အား ယေဘုယျ ဖြစ်တတ်၍ သီတဆေးအစာကို အနည်းငယ်စားသောသူတို့အား အနည်းငယ် ဖြစ်တတ်၏။ ပျောက်ကင်းသောအခါ ဥဏှဆေးအစာကို များစွာစားသောသူတို့အား ယေဘုယျ ပျောက်ကင်း၍ အနည်းငယ်စားသူတို့အား အနည်းငယ် ပျောက်နိုင်၏။   အစိတ်အားဖြင့်သော်ကား--------သီတပထဝီနာသည် သီတပထဝီစာကို စားသောသူတို့အား ယေဘုယျဖြစ်တတ်၍ သီတဝါယောစာ သီတတေဇောစာကို စားသောသူတို့အား အနည်းငယ် ဖြစ်တတ်၏။ ပျောက်ကင်းသောအခါ ဥဏှတေဇောစာကို စားသောသူတို့အား ယေဘုယျ ပျောက်ကင်း၍ ဥဏှပထဝီစာ ဥဏှဝါယောစာကို စားသောသူတို့အား အနည်းငယ်ပျောက်ကင်းနိုင်၏။   သီတဝါယောနာသည် သီတဝါယောစာကို စားသောသူတို့အား ယေဘုယျ ဖြစ်တတ်၍ သီတပထီစာ သီတတေဇောစာကို စားသောသူတို့အား အနည်းငယ် ဖြစ်တတ်၏။ ပျောက်ကင်းသောအခါ ဥဏှဝါယောစာကို စားသောသူတို့အား ယေဘုယျပျောက်ကင်း၍ ဥဏှပထဝီစာ ဥဏှတေဇောစာကို စားသောသူတို့အား အနည်းငယ် ပျောက်ကင်းနိုင်၏။ သီတေဇောနာသည် သီတတေဇောစာကို စားသောသူတို့အား ယေဘုယျဖြစ်၍ သီတပထီစာ သီတဝါယောစာကို စားသောသူတို့အား အနည်းငယ်ဖြစ်တတ်၏။ ပျောက်ကင်းသောအခါ ဥဏှပထဝီစာကို စားသောသူတို့အား ယေဘုယျပျောက်ကင်း၍ ဥဏှဝါယောစာ ဥဏှတေဇောစာကို စားသောသူတို့အား အန...

ဝေဒနာ ဥတု၂ပါးရောနှောပြ

သီတနာ၃ပါးသည် အနာနှင့် ဝိသဘာဂဖြစ်သော ဥဏှဥတုအတွင်း၌ ယေဘုယျဖြစ်ပေါ်၍ သဘာဂဖြစ်သော သီတဥတုအတွင်း၌ အနည်းငယ် ဖြစ်ပေါ်တတ်၏။ ပျောက်ကင်းသောအ ခါ ဝိသဘာဂဖြစ်သော ဥဏှဥတုအတွင်း၌ ယေဘုယျပျောက် ကင်း၍ သဘာဂဖြစ်သော သီတဥတု အတွင်း၌ အနည်းငယ်ပျောက်ကင်းနိုင်၏။ ဥဏှဥတုသည် အနာနှင့်ဝိသဘာဂဖြစ် သော်လည်း ဆေးအစာနှင့် သဘာဂဖြစ်သောကြောင့် ၎င်းဥဏှဥတုအတွင်း၌ပင် ပျောက်ကင်းနိုင်၏ဟုမှတ်အပ်၏။ အစိတ်အားဖြင့်သော်ကား------သီတပထဝီနာသည် သိသိရရတုနှင့် နိန္ဒရရတုအကူး၌၎င်း ထိုရတု၂ပါးအတွင်း၌သော်၎င်း ဇင်္ဂလဒေသ၌သော်၎င်း အနာနှင့်ဥတု ဝိသဘာဂဖြစ်သောကြောင့် ယေဘယျ ဖြစ်ပေါ်ပြီးလျှင် ကြွင်းသောသီတဥတုနှင့် ကြွင်းသောဒေသတို့၌ အနာနှင့်ဥတု သဘာဂဖြစ်သောကြောင့် အနည်းငယ် ဖြစ်ပေါ်တတ်၏။ ပျောက်ကင်းသောအခါ ဆေးအာဟာရနှင့် သဘာဂဖြစ်သော ဥဏှဥတုအတွင်း၌၎င်း ဇင်္ဂလဒေသ၌ ၎င်း လွယ်ကူစွာပျောက်ကင်း၍ ကြွင်းသောဥတု ကြွင်းသောဒေသတို့ ၌ ဆေးနှင့်ဥတုဝိသဘာဂဖြစ်သော ကြောင့် အပျောက်နှေး၏။ ဥဏှဥတုမှ လွန်မြောက်၍ သီတဥတုသို့ရောက်သော ဥတုကို ကျော်လွန်သွားသဖြင့် ပျောက်ကင်းနိုင်ခဲ၏။ အနုပဒေသ  သာဓာရဏဒေသတို့၌ ၎င်းအနာမျိုးဖြစ်ပေါ်၍ ဥဏှဥတုအခိုးနည်းခြင်းကြောင့် မပျောက်ကင်းနိုင်လျှင် ဇင်္ဂလဒေသသို့ ပြောင်းရေ...

ဥဏှတေဇောနာများ

ဥဏှတေဇောဓာတ်လွန်လျှင် ၅ပါးသောလက္ခဏာတို့တွင် ၂ပါး၃ပါးစ သည်ဖြင့် အကျိုးထင်သော ဥဏှတေဇောနာမျိုးဖြစ်ပေါ်တတ်၏။ ဖြစ်ပေါ်တတ်သောဥဏှတေဇောနာမျိုး မှာ------ချွေးများစွာထွက်ခြင်း ဝမ်းရောင်ခြင်း ဝမ်းရောဂါဖြစ်ခြင်း ဝမ်းကိုက်ခြင်း ဝမ်းသွားခြင်း ဆီးလွန်ခြင်း ပြဆိုပြီးအနာနှင့်အလားအနာ ၎င်းအနာမျိုးသည် ဥဏှတေဇောလွန် ကဲ၍ ဗဟိဒ္ဓအာပေါဓာတ်ပပ်ဖွဲ့သော ကြောင့် ဖြစ်ပေါ်တတ်သော ဥဏှတေဇောနာမည်၏။

ဥဏှဝါယောနာများ

ဥဏှဝါယောဓာတ်လွန်လျှင် ၅ပါးသော လက္ခဏာတို့တွင် ၂ပါး၃ပါးစသည်ဖြင့် အကျိုးထင်သော ဥဏှဝါယောနာဖြစ် တတ်၏။ ဖြစ်တတ်သော ဥဏှဝါယော နာမျိုးမှာ-----မျက်နှာရောင်ခြင်း ခေါင်းကိုက်ခြင်း ခေါင်းကျိန်းခြင်း ကြို့ထိုးခြင်း စပ်ပူစပ်လောင်နေခြင်း နှာခေါင်းသွေးထွက်ခြင်း မူးဝေခြင်း နားလေထွက်ခြင်း လေပူနာဖြစ်ခြင်း ဤပြဆိုပြီးအနာနှင့် အလားတူသော အနာ။၎င်းအနာမျိုးသည် အဇ္ဈတ္တသန္တာန်၌ ဥဏှဝါယောဓာတ် လွန်ကဲ၍ ဗဟိဒ္ဓသန္တာန်၌ အာပေါဓာတ်၏ အာဗန္ဓနများသောကြောင့် ဖြစ်ပေါ်လာသော ဥဏှဝါယောနာမည်၏။

ဥဏှပထဝီနာ

ဥဏှပထဝီဓာတ်လွန်လျှင် လက္ခဏာ ၅ပါးတို့တွင် ၂ပါး၃ပါးစသည်ဖြင့် အကျိုးထင်သော ဥဏှပထဝီနာဖြစ်ပေါ်လာတတ်၏။ ဖြစ်ပေါ်တတ်သော ဥဏှပထဝီနာမျိုးမှာ-----ဆီးဝမ်းချုပ်ခြင်း စမြင်းများခြင်း ခြေကွဲနာဖြစ်ခြင်း ခြေပူနာဖြစ်ခြင်း ဆီးပူနာဖြစ်ခြင်း ရင်ပူနာဖြစ်ခြင်း မျက်စိနာခြင်း မျက်စိကျိန်းခြင်း လျှာကွဲခြင်း နှုတ်ခမ်းကွဲခြင်း ဤအနာများနှင့်အလားတူအနာ ၎င်းအနာမျိုးသည် ဥဏှပထဝီဓာတ်လွန်ကဲ၍ ဗဟိဒ္ဓအာပေါဓာတ်အာဗန္ဓနများသော ကြောင့် ဖြစ်ပေါ်တတ်သော ဥဏှပထဝီနာမျိုးမည်၏။

သီတတေဇောနာများ

သီတတေဇောဓာတ်လွန်လျှင် လက္ခဏာ၅ပါးတို့တွင် ၂ပါး၃ပါးစသည်ဖြင့်အကျိုးထင်သော သီတတေဇောနာဖြစ်လာတတ်၏။ ဖြစ်လာတတ်သောသီတတေဇောနာ မျိုးမှာ---အစာမကြေခြင်း ဝမ်းကိုက်ခြင်း ဝမ်းသက်ခြင်း ဝမ်းပျက်ခြင်း သွေးဝမ်းသွားခြင်း ပိတ်ဝမ်းသွားခြင်း ဝမ်းရောဂါဖြစ်ခြင်း ရိဖြူကျခြင်း ရိနီကျခြင်း လိပ်ခေါင်းထွက်ခြင်း မီးယပ်သွေးလွန်ခြင်း ဆီးလွန်ခြင်း ကြွက်တက်ခြင်း အတက်ရောဂါ မီးယပ်တက်နာ မီးယပ်ထုန်ကျင်ကိုက် ခဲနာ ဤပြဆိုပြီးအနာနှင့်အလားတူသောအ နာအမျိုးသည် သီတတေဇောဓာတ်လွန်ကဲ၍ ဥဏှတေဇော ဝါယောဓာတ် အလွန်ယုတ်လျော့ခြင်းကြောင့် ဖြစ်ပေါ်လာသော သီတတေဇောနာမည်၏။

သီတဝါယောနာများ

သီတဝါယောဓာတ်လွန်လျှင် ၅ပါးသော လက္ခဏာတို့တွင် ၂ပါး၃ပါးစသည်ဖြင့် အကျိုးထင်သော သီတဝါယောနာ ဖြစ်တတ်၏။ ဖြစ်တတ်သောသီတဝါယောနာမျိုးကား------နောက်ကြောတက်နာ လေထိုးနာ ရင်ဘတ်နာ ရင်ကျပ်နာ ဝမ်းရောင်နာ ကိုယ်ရောင်နာ ကိုယ်လှနာ လေမုတ်နာ အူကျနာ မြင်းသရိုက်နာ သွေးအန်နာ အရူကြမ်းနာ ဝက်ရူးနာ ကြက်ရူးနာ ထိပ်ကပ်နာ မူးနာ ခေါင်းကိုက်နာ မျက်စိမှုန်နာ မျက်ခမ်းစပ်နာ တိမ်သလာနာ နားပင်းနာ နားထိုင်းနာ ဒန္တစိုနာ ချောင်းဆိုးနာ သတိလစ်နာ မေ့လျော့နာ ပျို့အန်နာ ကြို့ထိုးနာ ငန်းနာ မန်းနာ အဖျားနာ အနာလုံးပေါက်နာ ပွေးဝဲစသောအနာ လိင်တက်နာ။ ဤဆိုအပ်ပြီးအနာများနှင့်အလာတူ အနာ ၎င်းအနာမျိုးတို့သည် သီတဝါယောလွန်ကဲ၍ ဥဏှဝါယောငုပ်ခြင်းကြောင့် ဖြစ်လာသော သီတဝါယောနာမည်၏။

မိဿကကဏ္ဍ

**ဓာတ်နှင့်ဝေဒနာ ရောနှောပြခြင်း** သီတပထဝီဓာတ်လွန်လျှင် လက္ခဏာ ၅ပါးတို့တွင် ၂ပါး ၃ပါးစသည်ဖြင့် အကျိုးထင်သော သီတပထဝီနာ ဖြစ်တတ်၏။ ဖြစ်တတ်သော သီတပထဝီနာမျိုးကား----နူနာ ထုန်ကွက်နာ ထုန်ကျင်နာ မီးယပ်ကွက်နာ မီးယပ်ပိန်နာ မီးယပ်ခြောက်နာ ဒူလာရိုးနာ ဒူလာကွက်နာ ချောင်းဆိုးသွေးပါနာ ပန်းနာ သလိပ်နာ သွေးငုပ်နာ လေပျက်နာ လေပြတ်နာ သွက္ချာပါဒနာ သတိလစ်နာ အရူးအနုနာ ဆီးချုပ်နာ ကျောက်တည်နာ ဝမ်းထဲအခဲပေါ်နာ ကာလသားနာ သွေးတက်နာ သွေးမုတ်နာ ရေမုတ်နာ ဖျဉ်းစွဲနာ အိုင်းအမာနာ လျှာကွဲနာ နှုတ်ခမ်းကွဲနာ ဤပြဆိုပြီးအနာများနှင့် အလားတူ ကြွင်းသောအနာမျိုးသည် သီတပထဝီဓာတ်လွန်ကဲ၍ ဥဏှဝါယောဓာတ် ယုတ်လျော့ခြင်းကြောင့် ဖြစ်သော သီတပထဝီနာမည်၏။

အာကာသဆေးအာဟာရ

အာကာသဆေးအာဟာရ။ အဇ္ဈတ္တသန္တာန်ပိတ်ဆို့၍နေခြင်းသည် အဇ္ဈတ္တပထဝီမည်၏။ ဗဟိဒ္ဓသန္တာန်ပိတ်ဆို့၍နေခြင်းသည် ဗဟိဒ္ဓပထဝီမည်၏။ အဇ္ဈတ္တပထဝီ၏ ပွင့်လင်းမှုသည် အဇ္ဈတ္တာကာသမည်၏။ ဗဟိဒ္ဓပထဝီ၏ ပွင့်လင်းမှုသည် ဗဟိဒ္ဓါကာသမည်၏။ ထိုပထဝီ၂ပါးကို ဖျက်ဆီး၍ ပွင့်လင်းမှု ကို ဖြစ်စေတတ်သော ဥဏှဆေးအာဟာရသည် အာကာသဆေးအာဟာရမည်၏။ သီတတေဇောသက်သက်ဆေးအာဟာရသည်ကား အဇ္ဈတ္တပထဝီကိုဖျက် ဆီး၍ အဇ္ဈတ္တာကာသတစ်ခုတည်းကို သာ ပွင့်လင်းစေနိုင်၏။ဗဟိဒ္ဓါကာသ ကို မပွင့်လင်းစေနိုင်။ဤသို့တစ်စွယ် ကိုသာ ဖျက်ဆီးပွင့်လင်းစေနိုင်သော ကြောင့် အာကာသဆေးအာဟာရမ မည်။ ဥဏှဆေးအစာအာဟာရသည်ကား နှစ်စွယ်လုံးကို ဖျက်ဆီးနိုင်ပွင့်လင်းစေ နိုင်သောကြောင့် အာကာသဆေးအာဟာရမည်၏။ သီတတေဇောသက်သက်ဆေးအာဟာရသည် ဗဟိဒ္ဓပထဝီကို မပွင့်လင်း စေနိုင်သော်လည်း ဥဏှဆေးအာဟာ ရဖြင့် ဖျက်ဆီး၍မရနိုင်အောင် ဆီးချုပ် ခြင်း ဓာတ်လေချုပ်ခြင်း ရင်ကျပ်ခြင်း စသည်ဖြင့် အဇ္ဈတ္တပထဝီလွန်ကဲနေသောသူအား သီတတေဇောဆေးအာဟာရဖြင့် သဘာဂချင်းချုင်း ဖျက်ဆီးပြီးမှ ဗဟိဒ္ဓပျက် ဥဏှပထဝီဆေးအစာအာဟာရကိုပေး ရာ၏။ ထိုမှတစ်ပါး ဗဟိဒ္ဓသန္တာန်က ဆေးလိမ်းခြင်း ချွေးအောင်းခြင်း မီးခိုးမှိုင်းခံခြင်း ရေနွေးမှိုင်းခံခြင်း ကျပ်ထုပ်ထိုးခြင်း ဆီညှော်တ...

ဥဏှတေဇောစာ

ဥဏှတေဇောစာ ပူချို ပူစပ် ပူသက်သော ဆေးအာဟာရသည် ဥဏှတေဇောမည်၏။ **ပူချိုသောအာဟာရ------အုတ်ရှစ်သီးမှည့် ရဲရိုသီးမှည့် ဒူးရင်းသီးမှည့် နွားသား ကြက်သား ဂျိုးသား ခါသား ယုန်သား ဂျီသား ဟင်းနုနွယ်ဆူးပေါက် တောင်ကဇွန်း **ပူစပ်သောအာဟာရ----ငရုပ်ကောင်း ပိတ်ချင်း ချင်း လေးညှင်း ဇာဒိပ္ဖိုလ် ကြက်သွန်ဖြူ လင်းနေ ကွမ်းရွက် မိဿလင် ငရုပ်သီးရွက် ကလအော်သီးရွက် ခရမ်းကဇော့သီး ရဲရိုသီးစိမ်း ခရမ်းစပ်သီး **ပူသက်သောအာဟာရ----ဖြောက်ဆိတ် ကြာဟင်း ကနခို ရှားဇောင်းကြီး နှပ်ချို မင်းကိုးကာ ဆယ့်နှစ်ရာသီ ဤပြဆိုအပ်ပြီးသော ဆေးအစာ အာဟာရသည် ဥဏှတေဇောစာမည်၏။ အထူးကား နွားသား ကြက်သား စသောအစာအာဟာရသည် ချိုဆိမ့်သော ရသဓာတ် ၂ပါးနှင့် ဆက်ဆံ၍နေသောကြောင့် ဥဏှပထီစာ ဥဏှတေဇောစာ၂ပါး၌ ထည့်သွင်း၍ပြလိုက်သည်။ သီတပထဝီနာဖြစ်သူတို့အား၎င်း သီတတေဇောနာ ဆက်ဆံ ဖစ်သောသူတို့အား၎င်း အနာ၂ပါး ဆက်ဆံ၍၎င်း ကြက်သား နွားသားစသော အစာအာဟာရတို့ကို ကျွေးနိုင်ရာ၏။ ဤဥဏှဝါယောစာ ဥဏှတေဇောစာ၌ လည်း သက်စာ ချုပ်စာဟူ၍၂ပါးရှိရာ သူနာမှာ ဓာတ်သက်နေလျှင် ချုပ်စာကိုပေး ဓာတ်ချုပ်နေလျှင် သက်စာကိုပေး ဤသို့ ဉာဏ်ယှဉ်၍ပေးမှသာ ဝေဒနာမှာ လွယ်ကူစွာပျောက်နိုင်၏။

ဥဏှဝါယောစာ

ဥဏှဝါယောစာ ပူခါးသောဆေးအာဟာရသည် ဥဏှဝါယောစာမည်၏။ တမာ သမုန်း ကြောင်လျှာ သက်ရင်းကြီး ဆူးခေါက်နက် လက်ထုပ်ကြီး ခင်ပုပ် ငုစပ် ဂုန်ခါး ဇောင်ဂျမ်းသီး ဇောင်ဂျမ်းရွက် ကင်းမုံသီး ကင်းမုံရွက် ကြက်ဟင်းခါးသီး ကြက်ဟင်းခါးရွက် ခွေးတောက် ကုလားမျက်စိ ရဲရိုရွက် မိုးနံမြစ် မိုးနံရွက် နရှာကြီး ရွက် ကြောင်ပန်းရွက် မရိုးကြီး နနွင်းနွယ် ကြိန်ခါးဖူး။ ဤပြဆိုအပ်ပြီးသော အစာအာဟာရသည် ဥဏှဝါယောစာမည်၏။ ဤဆေးအစာအာဟာရတို့ကို နည်းမှီ၍ ကြွင်းသော တောတောင်၌ရှိသောဆေး တို့ကိုလည်း ပူခြင်း အေးခြင်း ခါးခြင်း ဖန်ခြင်း ချိုခြင်း ချဉ်ခြင်း ငန်ခြင်း စပ်ခြင်းစသော ရသဓာတ်၏အခြင်းအရာ ဂရုလဟုဓာတ်၏အခြင်းအရာစသည်တို့ဖြင့် ထောက်ရှု၍ ယူကြပါလေ။

သီတတေဇောစာ

ချိုသောအာဟာရ ချဉ်သောအာဟာရ ငန်သောအာဟာရသည် သီတတေဇောစာမည်၏။ ***ချိုသောအာဟာရစု*** ကြံရေ ထန်းရေ ပေရေ ဓနိရေ အုန်းရေ ဘိလပ်ရေ ပျားရေ သကြား ထန်းလျှက် ကြံသကာ သင်္ဘောသီးမှည့် ငှက်ပျောသီးမှည့် ပိန္နဲသီးမှည့် သြဇာသီးမှည့် ရေကဇွန်း လယ်ပဒူ ကနဖေါ့ မုံလာ ဆလာပ် ဂေါ်ဖီ ဗူးသီး ဗူးရွက် ဖရုံသီး ဖရုံရွက် ကျောက်ဖရုံသီး သခွားသီး သပွတ်ချိုသီးခဝဲသီး ပဲလွန်းရှေသီး ဖရဲသီး ***ချဉ်သောအရသာရှိသောအာဟာရ*** ကျောက်ချဉ် ပန်းသီး နှင်းသီး သဗျက်သီး နာနတ်သီး လိမ္မော်သီး ရှောက်သီး သမ္ဘရာသီး သရက်သီး မရမ်းသီး မှန်ကူသီး သစ်တော့သီး သစ်ချိုသီး သလဲသီး ခံသီး သီးသီး ဇီးသီး မန်ကျည်းသီး မန်ကျည်းရွက် ချဉ်ပေါင်ရွက် လက်လုပ်ချဉ် ခရမ်းချဉ် ကင်းပွန်းချဉ် ဇောင်းလျားသီး ရှောက်ချိုသီး ဇီးဖြူသီး ဖန်ခါးသီး ဆိမ့်သောအစာထဲက ဝက်သား ဝက်ဆီ။ ***ငန်သောအာဟာရ** ဆား ဆားပုပ် သိန္ဒော ဆပ်ပျာ ဆော်ဒါ ယောက်သွားပျာ အေးသောသစ်မြစ်သစ်ခေါက်တို့၏ပျာ  အေးသောရုက္ခမူဆား  ဤပြဆိုအပ်ပြီးသော ဆေးအာဟာရသည် သီတတေဇောစာမည်၏။ ယူလွယ်စေရန်အကျိုးငှာ အကျဉ်းမျှထုတ်ပြလိုက်သည် နည်းမှီ၍ အရသာတူ သစ်သီးသစ်ရွက်များကိုလည်း  ဤ...

သီတဝါယောစာကိုပြခြင်း

အေးခါးသောဆေး အစာအာဟာရသည် သီတဝါယောစာမည်၏။ မယ်ဇလီ ဗုံလုံသီး လယ်ဟင်းခါး သစ်ခွပွင့် ဖက်ဖွင့် ရှားဇောင်းခါး ဂန့်ဂလာ ဆူးလေ ဗြုံမွှေး သင်ပေါင်းဖူး အစရှိသော ဆေးအစာအာဟာရသည် သီတဝါယောစာမည်၏ **အထူးကား** အချို့သော သီတဝါယောစာမှာ ချုပ်တတ်၏ ။သီတပထဝီနာမှာ သက်သော သီတဝါယော စာ ပေးမိသော်လည်း အောက်သို့သက်ခဲ့သော် ဓာတ်စာမမှန်ဘဲ သက်သာရာရတတ်၏။

သီတပထဝီစာ

အေးဖန် အေးဆိမ့်သောဆေးအစာအာဟာရသည် သီတပထဝီစာမည်၏။ ***အေးဖန်သောအစာစုကား*** သနပ်ရွက် သဖန်းသီးရွက် ညံရွက် ဆီးဖြူရွက် ပြည်ပန်းညိုရွက် ညောင်ရွက် ညောင်ဖူး သပြေသီး မာလကာသီးစိမ်း ငှက်ပျောသီးစိမ်း မင်းဂွတ်သီး ကြက်သဟင်း သပြုသီး သစ်ဆိမ့်သီး ခယားသီး ၎င်းအခေါက် ဇီးဖြူခေါက် ဖန်ခါးခေါက် သပြေခေါက် ***အေးဆိမ့်သောအစာစုကား*** ကျွဲသား ဘဲသား ရေကြက်သား ရေကြက်ဥ ဖွတ်သား ဖွတ်ဥ လိပ်သား လိပ်ဥ ငါးဥ ကိုင်းဥ မှိုဥ မှိုပွင့် အင်ဥ ငါး ပုဇွန် ငါးဆီ ပုဇွန်ဆီ ပဒတ်သား ဖါးသား နို့ဟူသမျှ အုန်းနို့ အုန်းဆံ ထောပတ် မြေပဲဆံ သစ်ကြားဆီ ပဲမြစ် ကဇွန်းဥ မြောက်ဥ ပိန်းဥ သဒွေးဥ ကြာဥ အာတာလွတ်ဥ

သီတာဟာရနှင့် အာဗန္ဓနာဟာရ ထူးပုံ

အချို့သောဆေးအာဟာရသည် အေးသောသဘောရှိသော်လည်း အာဗန္ဓနသဘောမရှိ။ အဘယ့်ကြောင့်ဆိုသော် အဇ္ဈတ္တပထဝီခေါ်သော ဓာတ်ချုပ်ခြင်း လေချုပ်ခြင်း ဆီးချုပ်ခြင်း ရင်ခံခြင်း အစာမကြေခြင်း စသောအဇ္ဈတ္တအဖွဲ့ကို ဖျက်ဆီးတတ်သော သဘောရှိသောကြောင့် အေးသော သဘောရှိသော်လည်း အာဗန္ဓနသဘောမရှိ။ အချို့သော ဆေးအာဟာရသည် အာဗန္ဓနသတ္တိရှိ၏။အာဗန္ဓနသတ္တိ ရှိသောဆေးအာဟာရသည် သီတတေဇောရှိမြဲသာတည်း။ ထို့ကြောင့် (၁)သီတတေဇာသာရှိ၍ အာဗန္ဓနသဘောမရှိ သော ဆေးအစာအာဟာရရှိ၏ (၂)အာဗန္ဓနသဘောသာရှိ၍ သီတတေဇောမရှိသော ဆေးအစာအာဟာရမရှိ (၃)သီတတေဇောလည်းရှိ အာဗန္ဓနသဘောလည်းရှိသော ဆေးအစာအာဟာရရှိ၏ (၄)သီတတေဇောလည်းမရှိ အာဗန္ဓနသဘောလည်းမရှိ သောဆေးအစာအာဟာရရှိ၏               **အကျယ် ရှင်းပြခြင်း** (၁)ပထမစက်အရ သီတတေဇော သက်သက်ဖြစ်သော ဆေးအစာအာဟာရစုကား ဆား ဆားပုပ် သိန္ဒော ကျောက်ချဉ် ဇဝက်သာ ယမ်းစိမ်း ဒုတ္ထာ လက်ချား ဂျွတ် သွတ် ဆော်ဒါ ဆပ်ပျာ ဆားခါး ပြဒါး ယောက်သွား လိပ်ကျောက်ဆူး ကြွေပုပ် ရေဝက်စွယ် ၎င်းတို့၏ပျာ အေးသောအရသာရှိသော သစ်မြစ်သစ်ခေါက်တို့၏ပျာ ဆပ်ပျာနှင့် မန်ကျည်းမှည့်ရောရာ ဆားနှင့်မကျ...