ဝေဒနာ အာဟာရ ရောပြ

သီတနာ၃ပါးသည် သီတဆေးအစာကို များစွာစားသောသူတို့အား ယေဘုယျ ဖြစ်တတ်၍ သီတဆေးအစာကို အနည်းငယ်စားသောသူတို့အား အနည်းငယ် ဖြစ်တတ်၏။ ပျောက်ကင်းသောအခါ ဥဏှဆေးအစာကို များစွာစားသောသူတို့အား ယေဘုယျ ပျောက်ကင်း၍ အနည်းငယ်စားသူတို့အား အနည်းငယ် ပျောက်နိုင်၏။
  အစိတ်အားဖြင့်သော်ကား--------သီတပထဝီနာသည် သီတပထဝီစာကို စားသောသူတို့အား ယေဘုယျဖြစ်တတ်၍ သီတဝါယောစာ သီတတေဇောစာကို စားသောသူတို့အား အနည်းငယ် ဖြစ်တတ်၏။ ပျောက်ကင်းသောအခါ ဥဏှတေဇောစာကို စားသောသူတို့အား ယေဘုယျ ပျောက်ကင်း၍ ဥဏှပထဝီစာ ဥဏှဝါယောစာကို စားသောသူတို့အား အနည်းငယ်ပျောက်ကင်းနိုင်၏။
  သီတဝါယောနာသည် သီတဝါယောစာကို စားသောသူတို့အား ယေဘုယျ ဖြစ်တတ်၍ သီတပထီစာ သီတတေဇောစာကို စားသောသူတို့အား အနည်းငယ် ဖြစ်တတ်၏။ ပျောက်ကင်းသောအခါ ဥဏှဝါယောစာကို စားသောသူတို့အား ယေဘုယျပျောက်ကင်း၍ ဥဏှပထဝီစာ ဥဏှတေဇောစာကို စားသောသူတို့အား အနည်းငယ် ပျောက်ကင်းနိုင်၏။
သီတေဇောနာသည် သီတတေဇောစာကို စားသောသူတို့အား ယေဘုယျဖြစ်၍ သီတပထီစာ သီတဝါယောစာကို စားသောသူတို့အား အနည်းငယ်ဖြစ်တတ်၏။ ပျောက်ကင်းသောအခါ ဥဏှပထဝီစာကို စားသောသူတို့အား ယေဘုယျပျောက်ကင်း၍ ဥဏှဝါယောစာ ဥဏှတေဇောစာကို စားသောသူတို့အား အနည်းငယ် ပျောက်ကင်းနိုင်၏။
ဥဏှနာ၃ပါးသည် ဥဏှဆေးအစာကို များစွာစားသောသူတို့အား ယေဘုယျ ဖြစ်ပေါ်တတ်၍ အနည်းငယ်စားသော သူတို့အား အနည်းငယ် ဖြစ်ပေါ်တတ်၏။
အစိတ်အား ဖြင့်ကား ဥဏှပထဝီနာသည် ဥဏှပထဝိစာကို စားသောသူတို့အား ယေဘုယျဖြစ်တတ်၍ ဥဏှဝါယောစာ ဥဏှတေဇောစာကို စားသောသူတို့အား အနည်းငယ် ဖြစ်တတ်၏
ျပျောက်ကင်းသောအခါ သီတတေဇောစာကို စားသောသူတို့အား ယေဘုယျ ပျောက်ကင်း၍ သီတပထဝီစာ သီတဝါယောစာကို စားသောသူတို့အား အနည်းငယ် ပျောက်ကင်းနိုင်၏
ဥဏှဝါယောနာသည် ဥဏှဝါယောစာကို စားသောသူတို့အား
ယေဘုယျ ဖြစ်တတ်၍ ဥဏှပထဝီစာ ဥဏှတေဇောစာကို စားသောသူတို့အား အနည်းငယ် ဖြစ်တတ်၏
ပျောက်ကင်းသောအခါ သီတဝါယောစာကို စားသောသူတို့အား ယေဘုယျ ပျောက်၍ သီတပထဝီစာ သီတတောဇောစာကို စားသောသူအား အနည်းငယ် ပျောက်ကင်းနိုင်၏
ဥဏှတေဇောနာသည် ဥဏှတေဇောစာကို စားသောသူအား ယေဘုယျဖြစ်တတ်၍ ဥဏှပထဝီစာ ဥဏှဝါယောစာကို စားသောသူအား အနည်းငယ်ဖြစ်တတ်၏
ပျောက်ကင်းသောအခါ သီတပထဝီစာ
ကို စားသောသူအား ယေဘုယျပျောက်ကင်း၍ သီတဝါယောစာ သီတတေဇောစာကို စားသောသူအား လျောက်ပတ်သော ဥတုနှင့် တွေ့ကြုံလျှင် အနည်းငယ် ပျောက်ကင်းနိုင်၏
ထို့ကြောင့် အကျဉ်းချုပ်မှတ်ရန်~~~~~
သီတပထဝီနာဖြစ်လျှင် ဥဏှတေဇော
ဆေးအစာကို မုချပေးရာ၏
ဥဏှပထဝီ ဥဏှဝါယောဆေးအစာကို ထိုက်သင့်သလို ပေးရာ၏
သီတဝါယောနာ ဖြစ်လာလျှင် ဥဏှဝါယောဆေးအစာကို မုချပေးရာ၏
ဥဏှပထဝီ ဥဏှတေဇောဆေးအစာကို ထိုက်သင့်သလို ပေးရာ၏
သီတတေဇောနာဖြစ်လာလျှင် ဥဏှပထဝီဆေးအစာကို မုချပေးရာ၏
ဥဏှဝါယောဥဏှတေဇောဆေးအစာ
ကို ထိုက်သင့်သလိုပေးရာ၏
ဥဏှပထဝီနာဖြစ်လာလျှင် သီတတေဇောဆေးအစာကို မုချပေး
သီတပထဝီ သီတဝါယောဆေးအစာ
ကို ထိုက်သင့်သလိုပေး
ဥဏှဝါယောနာဖြစ်လာလျှင် သီတဝါယောဆေးအစာကို မုချပေး
သီတပထဝီ သီတတေဇောဆေးအစာ
ကို ထိုက်သင့်စွာပေး
ဥဏှတေဇောနာဖြစ်လာလျှင် သီတပထဝီဆေးအစာကို မုချပေး
သီတဝါယော သီတတေဇောဆေးအစာကို သင့်သလိုပေးလေ။
ဥတုဖွဲ့ပုံ အာဟာရဖွဲ့ပုံအထူးကား-----
ဥတုသည် ဗဟိဒ္ဓသန္တာန်၌ ပထမဖွဲ့ပြီး
မှ အဇ္ဈတ္တသန္တာန်မှာ ဒုတိယဖွဲ့၏
ဤဗဟိဒ္ဓအဖွဲ့မျိုးသည် အနာနှင့် ဝိသဘာဂဖြစ်သော ဥဏှဥတုအတွင်း
မှာ ရေချိုးခြင်း လေတိုက်ခံခြင်းစသော
ဥတုတစ်ပါးကြောင့် ယေဘယျ ဖြစ်တတ်၏။
အာဟာရသည် အဇ္ဈတ္တသန္တာန်မှာ ပထမဖွဲ့ပြီးမှ ဗဟိဒ္ဓသန္တာန်မှာ ဒုတိယဖွဲ့၏။ ဤအဇ္ဈတ္တအဖွဲ့မျိုးသည် အနာနှင့် သဘာဂဖြစ်သော အာဟာရကို စားသောသူအား ယေဘုယျဖြစ်တတ်၏။
ထို့ကြောင့် ဝေဒနာ ဥတုမိဿက အခမ်းမှာ ဝေဒနာနှင့် ဥတု ဝိသဘာဂထး၍ ပြရသည်။
ဝေဒနာ အာဟာရမိဿက အခမ်းမှာ ဝေဒနာနှင့်အာဟာရ သဘာဂထား၍ ပြရသည်။ တွေးတောဆင်ခြင် ထင်မြင် သဘောပေါက်အောင် ကြည့်ကြပါကုန်။

Comments

Popular posts from this blog

သီတဥတုနှင့်ဥဏှဥတု လောင်ကျွမ်းပုံအထူး

မဟာဇာတိဝင်္ဂ

သီတတေဇောစာ