ဝေဒနာ ဥတု အာဟာရ ရော၍ပြ
သီတနာ ၃ပါးသည် ဥဏှဥတုအတွင်း၌ သီတဆေးအစာကို စားသောသူအား ဥတုနှင့် ဆေးအစာ ဝိသဘာဂဖြစ်သောကြောင့် ယေဘုယျဖြစ်တတ်၍ သီတဥတုအတွင်း၌ သီတဆေးအစာကို စားသောသူအား ဥတုနှင့် ဆေးအစာ သဘာဂဖြစ်သောကြောင့် အနည်းငယ်ဖြစ်တတ်၏။
ပျောက်ကင်းသောအခါ ဥဏှဥတုအတွင်း၌ ဥဏှဆေးအစာကို စားသောသူအား ဥတုနှင့် ဆေးအစာ မိဿကဖြစ်သောကြောင့် ယေဘုယျပျောက်ကင်း၍ သီတဥတုအတွင်း၌ ဥဏှဆေးအစာကို စားသောသူအား ဥတုနှင့် ဆေးအစာ ပဋိပက္ခဖြစ်သောကြောင့် အနည်းငယ် ပျောက်နိုင်၏။
အစိတ်အားဖြင့်ကား သီတပထဝီနာသည် ဥဏှဥတုအတွင်း၌ သီတပထဝီစာကို စားသောသူအား ယေဘုယျဖြစ်တတ်၍ ဥဏှဥတုအတွင်း၌ သီတဝါယောစာ သီတတေဇောစာတို့ကို စားသောသူအား၎င်း
သီတဥတုအတွင်း၌ သီတပထဝီစာကို စားသောသူအား၎င်း အနည်းငယ်ဖြစ်တတ်၏
ပျောက်သောအခါ ဥဏှဥတုအတွင်း၌ ဥဏှတေဇောစာကို စားသောသူအား ယေဘုယျ ပျောက်ကင်း၍ ဥဏှဥတုအတွင်း၌ ဥဏှပထဝီ ဥဏှဝါယောစာတို့ကို စားသောသူအား၎င်း သီတဥတုအတွင်း၌ ဥဏှတေဇောစာကို စားသောသူအား၎င်း အနည်းငယ်ပျောက်နိုင်၏
**သီတဝါယောနာသည် ဥဏှဥတုအတွင်း၌ သီတဝါယောစာကို စားသောသူအား ယေဘုယျဖြစ်တတ်၍ ဥဏှဥတုအတွင်း၌ သီတပထဝီစာ သီတတေဇောစာတို့ကို စားသောသူအား၎င်း
သီတဥတုအတွင်း၌ သီတဝါယောစာကို စားသောသူအား၎င်း အနည်းငယ်ဖြစ်တတ်၏
#ပျောက်ကင်းသောအခါ ဥဏှဥတုအတွင်း၌
ဥဏှဝါယောစာကို စားသောသူအား ယေဘုယျပျောက်၍ ဥဏှဥတုအတွင်း၌ ဥဏှပထဝီစာ ဥဏှတေဇောစာကို စားသောသူအား၎င်း သီတဥတုအတွင်း၌ ဥဏှဝါယောစာကို စားသောသူအား၎င်း အနည်းငယ်ပျောက်ကင်းနိုင်၏။
**သီတတေဇောနာသည် ဥဏှဥတုအတွင်း၌
သီတတေဇောစာကို စားသောသူအား ယေဘုယျဖြစ်တတ်၍ ဥဏှဥတုအတွင်း၌ သီတပထဝီစာ သီတဝါယောစာတို့ကို စားသောသူအား၎င်း သီတဥတုအတွင်း၌ သီတတေဇောစာကို စားသောသူအား၎င်း အနည်းငယ်ဖြစ်တတ်၏။
ပျောက်သောအခါ ဥဏှဥတုအတွင်း၌ ဥဏှပထဝီစာကို စားသောသူအား ယေဘုယျ ပျောက်၍ ဥဏှဥတုအတွင်း၌ ဥဏှဝါယောစာ ဥဏှတေဇောစာတို့ကို စားသောသူအား၎င်း သီတဥတုအတွင်း၌ ဥဏှပထဝီစာကို စားသောသူအား၎င်း အနည်းငယ်ပျောက်နိုင်၏။
***အပူနာ၃ပါးသည် သီတဥတုအတွင်း၌ ဥဏှစာကို စားသောသူအား ဥတုနှင့်အစာ ဝိသဘာဂဖြစ်သောကြောင့် ယေဘုယျဖြစ်တတ်၍ သီတဥတုအတွင်း၌ သီတဆေးအစာကို စားသောသူအား ဥတုနှင့်ဆေးအစာ သဘာဂဖြစ်သောကြောင့် အနည်းငယ်ဖြစ်တတ်၏။
ပျောက်သောအခါ သီတဥတုအတွင်း၌ သီတဆေးအစာကို စားသောသူအား ဥတုနှင့်ဆေးအစာ သဘာဂဖြစ်သောကြောင့် ယေဘုယျပျောက်၍ ဥဏှဥတုအတွင်း၌ သီတဆေးအစာကို စားသောသူအား ဥတုနှင့်
ဆေးအစာ ဝိသဘာဂဖြစ်သောကြောင့် အနည်းငယ်ပျောက်နိုင်၏။
အစိတ်အားဖြင့်ကား-----ဥဏှပထဝီနာသည် သီတဥတုအတွင်း၌ ဥဏှပထဝီစာကို စားသောသူအား ယေဘုယျ ဖြစ်၍ သီတဥတုအတွင်း၌ ဥဏှဝါယောစာ ဥဏှတေဇောစာတို့ကို စားသောသူအား၎င်း ဥဏှဥတုအတွင်း၌ ဥဏှပထဝီစာကို စားသောသူအား၎င်း အနည်ငယ်ဖြစ်တတ်၏။
ပျောက်ကင်းသောအခါ သီတဥတုအတွင်း၌ သီတတေဇောစာကို စားသောသူအား ယေဘုယျပျောက်ကင်း၍ သီတဥတုအတွင်း၌ သီတပထဝီစာ သီတဝါယောစာတို့ကို စားသောသူအား၎င်း ဥဏှဥတုအတွင်း၌ သီတတေဇောစာကို စားသောသူအား၎င်း အနည်းငယ်ပျောက်ကင်းနိုင်၏။။
ဥဏှဝါယောနာသည် သီတဥတုအတွင်း၌ ဥဏှဝါယောစာကို စားသောသူအား ယေဘုယျဖြစ်တတ်၍ သီတဥတုအတွင်း၌ ဥဏှပထဝီစာ ဥဏှတေဇောစာတို့ကို စားသောသူအား၎င်း ဥဏှဥတုအတွင်း၌ ဥဏှဝါယောစာကို စားသောသူအား၎င်း အနည်းငယ်ဖြစ်တတ်၏။
**ပျောက်ကင်းသောအခါ သီတဥတုအတွင်း၌ သီတဝါယောစာကို စားသောသူအား ယေဘုယျပျောက်၍ သီတဥတုအတွင်း၌ သီတပထဝီစာ သီတတေဇောစာတို့ကို စားသောသူအား၎င်း
ဥဏှဥတုအတွင်း၌ သီတဝါယောစာကို စားသောသူအား၎င်း အနည်းငယ်ပျောက်နိင်၏။
**ဥဏှတေဇောနာသည် သီတဥတုအတွင်း၌ ဥဏှတေဇောစာကို စားသောသူအား ယေဘုယျဖြစ်တတ်၍ သီတဥတုအတွင်း၌ ဥဏှပထဝီစာ ဥဏှဝါယောစာတို့ကို စားသောသူအား၎င်း ဥဏှဥတုအတွင်း၌ ဥဏှတေဇောစာကို စားသောသူအား၎င်း အနည်းငယ်ဖြစ်တတ်၏။
**ပျောက်သောအခါ သီတဥတုအတွင်း၌ သီတပထဝီစာကို စားသောသူအား ယေဘုယျပျောက်၍ သီတဥတုအတွင်း၌ သီတဝါယောစာ သီတတေဇောစာတို့ကို စားသောသူအား၎င်း ဥဏှဥတုအတွင်း၌ သီတပထဝီစာကို စားသောသူအား၎င်း အနည်းငယ်ပျောက်ကင်းနိုင်၏။
ဤဥဏှနာ၃ပါးတို့တွင် တစ်ပါးပါးသော အနာသည် ဥဏှဥတုအတွင်း၌ ဖြစ်ခဲ့သော် ရေများစွာချိုးခြင်း ရေတဘက်ဖြန့်ခြင်းစသည်ဖြင့် ဥတုကို ပြုပြင်၍ ကုသသင့်၏။
Comments
Post a Comment