သမားတို့၏
**သမားတို့၏ပဓာန**
ဓာတ်၏ခြင်းရာ လက္ခဏာကို သိသာကွဲပြား
ထိုသမားတို့ ပိုင်းခြားမမြင် မကျွမ်းကျင်က
ဆင်ကန်းပမာ ဆိုရာစကား ဓာတ်ကားလေးလီ ပထဝီစိတ်ဟု ဥတုအာပေါ
ဝါယောအာဟာရ မူလတေဇော ယှဉ်နှောတကွ အာကာသနှင့် ပေါင်းထသည်းခြေ တထွေအပုပ် သရုပ်မူလ
ဘယ်ကအရင်း ဖေါက်ပြန်ခြင်းကို နေမင်းအဆွေ ဗာဟိရေနှင့် မဇ္ဈေအန္တော
သဘောပိုင်းခြား ခြောက်ပါးရတု သုံးဥတုနှင့်
တစ်ခုမမှန် ဓာတ်ဖေါက်ပြန်ရာ ဘယ်ဓာတ်နှင့်ပင် ဘယ်ဓာတ်ယှဉ်သည်
မယှဉ်သည်ကို နားလည်မှသာ ဝေဒနာသည်
ရှင်းကွာကိုယ်က လွတ်မည်တည်း။
(**နဝင်းရောင်၆ပါး)
ဒက္ခိဏတောင်ခြေ ကျွန်းရပ်မြေ၌ ရှိနေသူအား အကျိုးများဘို့ ခြောက်ပါးနဝင်း
ရောင်အဆင်းတို့ ဖေါက်ထွင်းသေချာ
သိစိမ့်ငှာလျှင် မေတ္တာရွှေမိုး ရွာသွန်းဖြိုးအံ့
ခေါ်ရိုးပထဝီ နဝင်းမှီလျက် အရောင်နက်၏
နီရှက်အာပေါ တေဇောဖြူဖွေး ရွှေသွေးဝါယော စိမ်းသောသည်းခြေ အပုပ်နေမှာ ပြာရောင်သာတည့် အာကာမည်
ဝင်း ထိန်ထိန်လင်းသည့် မယွင်းအမှန် အဖိုးတန်ပေ ရွှေငွေကျောက်သံ ကြေးမှန်ပြဒါး
လက္ချားနာသွပ် ဂျွတ်နှင့်ဆေးဒန်း ဗဟန်းတုတ္ထာ စိန်ပါကန့်တွဲ အမြဲတည်သာ
ရသာခြောက်ပါး နဝင်းသွားကို ထင်ရှားမနှေး
သိအောင်ပေးသည် တတ်ရေးတတ်ရာ အကြောင်းတည်း။
***** ***** ***** ******
ဤတွင် မလိုင်မြို့ သမားတော်ကြီး
ဦးတော် ရေသားစီရင်အပ်သော
ကျမ်းမာရေးဝန်ကြီးအမည်ရှိ ဆေးကျမ်း
ပြီးပြီ။
မြန်မာ့ဆေးပညာတိုးတက်ရန် မျှဝေလိုက်ပါသည်။ မဟာနာ။

Comments
Post a Comment