သီတပထဝီနာ
သီတပထဝီနာသည် အနုပဒေသ သာဓာရဏ
ဒေသမှာ ဖြစ်ပေါ်လာလျှင် ဥဏှဥတုကို ထောက်ရှု၍၎င်း ဥတုပြုပြင်၍၎င်း ဥဏှတေဇောဆေးအစာကို ယေဘုယျ။
ဥဏှဝါယော ဥဏှပထဝီဆေးအစာတို့ကို
အနည်းငယ် ရောဂါပျောက်ရုံမျှ ပေးပြီးမှ
ဒေသကြိုက် ဆေးအစာတို့ကို ဆက်၍ပေး
သင့်၏။
ဥဏှပထဝီနာသည် ၎င်းဒေသမှာ ဖြစ်ပေါ်လာ
လျှင် သီတဥတုကို ထောက်ရှု၍ သီတတေဇောဆေးအစာကို စိတ်ချစွာ ပေးပြီး
မှ သီတပထဝီ သီတဝါယော ဆေးအစာတို့
ကို ထိုက်သင့်စွာ ပေးသင့်၏။
သီတဝါယောနာသည် အနုပဒေသ သာဓာရ
ဏဒေသမှာ ဖြစ်ပေါ်လာလျှင် ဥဏှတုကို
ထောက်ရှု၍၎င်း ဥတုပြုပြင်၍၎င်း ဥဏှဝါယောဆေးအစာကို ယေဘုယျ။
ဥဏှပထဝီ ဥဏှတေဇောဆေးအစာတို့ကို
အနည်းငယ် ရောဂါပျောက်ရုံ ပေးပြီးမှ ဒေသ
ကြိုက်အစာတို့ကို ဆက်၍ပေးသင့်၏။
*ဥဏှဝါယောနာသည် ၎င်းဒေသ၌ ဖြစ်ပေါ်
လာလျှင် သီတဥတုကို ထောက်ရှု၍
သီတဝါယောဆေးအစာတို့ကို စိတ်ချစွာ ပေး
ပြီးမှ သီတပထဝီ သီတတေဇောဆေးအစာ
တို့ကို ထိုက်သင့်စွာ ပေးသင့်၏။
*သီတတေဇောနာသည် အနုပဒေသ သာဓာ
ရဏဒေသမှာ ဖြစ်ပေါ်လာလျှင် ဥဏှဥတုကို
ထောက်ရှု၍၎င်း ဥတုပြုပြင်၍၎င်း ဥဏှပထဝီ
ဆေးအစာကို ယေဘုယျ။
ဥဏှဝါယော ဥဏှတေဇောဆေးအစာတို့ကို
အနည်းငယ် ရောဂါပျောက်ရုံ ပေးပြီးမှ ဒေသ
ကြိုက်အစာကို ဆက်၍ ပေးသင့်၏။
*ဥဏှတေဇောနာသည် ၎င်းဒေသမှာ ဖြစ်ပေါ်
လာလျှင် သီတဥတုကို ထောက်ရှု၍ သီတပထဝီဆေးအစာကို စိတ်ချစွာပေးပြီးမှ
သီတဝါယော သီတတေဇောဆေးအစာတို့
ကို ထိုက်သင့်စွာ ပေးသင့်၏။
*သီတနာသုံးပါးသည် ဇင်္ဂလဒေသမှာ ဖြစ်ပေါ်
လာလျှင် ဥဏှဥတုကို ထောက်ရှု၍ ဥဏှဆေး
အစာ၃ပါးကို အနာအားလျော်စွာ ပေးသင့်၏
ဥဏှနာ၃ပါးသည် ဇင်္ဂလဒေသမှာ ဖြစ်ပေါ်လာ
လျှင် သီတဥတုကို ထောက်ရှု၍ သီတဆေး
အစာ၃ပါးကို အနာအားလျော်စွာ ရောဂါပျောက်ရုံ ပေးပြီးမှ ဒေသကြိုက်အစာ
ကို ဆက်၍ ပေးသင့်၏
*ဒေသနှင့်ဆေးအစာ သဘာဂဖြစ်မှသာ
ရောဂါမှာ ပျောက်လွယ်၏။
အနာနှင့်ဒေသ သဘာဂဖြစ်နေလျှင်
ဆေးနှင့်သဘာဂဖြစ်သောဥတုကို မြှော်ရှုပြီး
ကုသသင့်၏
ဥတုကို ပြုပြင်၍မူလည်း ကုသသင့်၏
ဤကဲ့သို့ ကုသလို့မှ မပျောက်ကင်းနိုင်လျှင်
ဒေသပြောင်းရွှေ့၍ ကုသသင့်၏။
ဓာတ် ဝေဒနာ ဒေသတို့၏ လက္ခဏာတို့နှင့်
တကွ အာဟာရသရုပ် နောက်ကပါခဲ့ပြီ
ပြန်၍ရှုကြပါကုန်။
ဒေသမှာ ဖြစ်ပေါ်လာလျှင် ဥဏှဥတုကို ထောက်ရှု၍၎င်း ဥတုပြုပြင်၍၎င်း ဥဏှတေဇောဆေးအစာကို ယေဘုယျ။
ဥဏှဝါယော ဥဏှပထဝီဆေးအစာတို့ကို
အနည်းငယ် ရောဂါပျောက်ရုံမျှ ပေးပြီးမှ
ဒေသကြိုက် ဆေးအစာတို့ကို ဆက်၍ပေး
သင့်၏။
ဥဏှပထဝီနာသည် ၎င်းဒေသမှာ ဖြစ်ပေါ်လာ
လျှင် သီတဥတုကို ထောက်ရှု၍ သီတတေဇောဆေးအစာကို စိတ်ချစွာ ပေးပြီး
မှ သီတပထဝီ သီတဝါယော ဆေးအစာတို့
ကို ထိုက်သင့်စွာ ပေးသင့်၏။
သီတဝါယောနာသည် အနုပဒေသ သာဓာရ
ဏဒေသမှာ ဖြစ်ပေါ်လာလျှင် ဥဏှတုကို
ထောက်ရှု၍၎င်း ဥတုပြုပြင်၍၎င်း ဥဏှဝါယောဆေးအစာကို ယေဘုယျ။
ဥဏှပထဝီ ဥဏှတေဇောဆေးအစာတို့ကို
အနည်းငယ် ရောဂါပျောက်ရုံ ပေးပြီးမှ ဒေသ
ကြိုက်အစာတို့ကို ဆက်၍ပေးသင့်၏။
*ဥဏှဝါယောနာသည် ၎င်းဒေသ၌ ဖြစ်ပေါ်
လာလျှင် သီတဥတုကို ထောက်ရှု၍
သီတဝါယောဆေးအစာတို့ကို စိတ်ချစွာ ပေး
ပြီးမှ သီတပထဝီ သီတတေဇောဆေးအစာ
တို့ကို ထိုက်သင့်စွာ ပေးသင့်၏။
*သီတတေဇောနာသည် အနုပဒေသ သာဓာ
ရဏဒေသမှာ ဖြစ်ပေါ်လာလျှင် ဥဏှဥတုကို
ထောက်ရှု၍၎င်း ဥတုပြုပြင်၍၎င်း ဥဏှပထဝီ
ဆေးအစာကို ယေဘုယျ။
ဥဏှဝါယော ဥဏှတေဇောဆေးအစာတို့ကို
အနည်းငယ် ရောဂါပျောက်ရုံ ပေးပြီးမှ ဒေသ
ကြိုက်အစာကို ဆက်၍ ပေးသင့်၏။
*ဥဏှတေဇောနာသည် ၎င်းဒေသမှာ ဖြစ်ပေါ်
လာလျှင် သီတဥတုကို ထောက်ရှု၍ သီတပထဝီဆေးအစာကို စိတ်ချစွာပေးပြီးမှ
သီတဝါယော သီတတေဇောဆေးအစာတို့
ကို ထိုက်သင့်စွာ ပေးသင့်၏။
*သီတနာသုံးပါးသည် ဇင်္ဂလဒေသမှာ ဖြစ်ပေါ်
လာလျှင် ဥဏှဥတုကို ထောက်ရှု၍ ဥဏှဆေး
အစာ၃ပါးကို အနာအားလျော်စွာ ပေးသင့်၏
ဥဏှနာ၃ပါးသည် ဇင်္ဂလဒေသမှာ ဖြစ်ပေါ်လာ
လျှင် သီတဥတုကို ထောက်ရှု၍ သီတဆေး
အစာ၃ပါးကို အနာအားလျော်စွာ ရောဂါပျောက်ရုံ ပေးပြီးမှ ဒေသကြိုက်အစာ
ကို ဆက်၍ ပေးသင့်၏
*ဒေသနှင့်ဆေးအစာ သဘာဂဖြစ်မှသာ
ရောဂါမှာ ပျောက်လွယ်၏။
အနာနှင့်ဒေသ သဘာဂဖြစ်နေလျှင်
ဆေးနှင့်သဘာဂဖြစ်သောဥတုကို မြှော်ရှုပြီး
ကုသသင့်၏
ဥတုကို ပြုပြင်၍မူလည်း ကုသသင့်၏
ဤကဲ့သို့ ကုသလို့မှ မပျောက်ကင်းနိုင်လျှင်
ဒေသပြောင်းရွှေ့၍ ကုသသင့်၏။
ဓာတ် ဝေဒနာ ဒေသတို့၏ လက္ခဏာတို့နှင့်
တကွ အာဟာရသရုပ် နောက်ကပါခဲ့ပြီ
ပြန်၍ရှုကြပါကုန်။
Comments
Post a Comment