ဓာတ် ဝေဒနာ ဒေသ အာဟာရ

(၆) ဓာတ် ဝေဒနာ ဒေသ အာဟာရ
လေးပါးကို ရောနှော၍ ပြခြင်း**
အနုပဒေသ၌ ရှေးအခါ မိုးမှန်ကန်စွာ ရွာ၍
အအေးများသော်လည်း မိုးပြတ်သောခဏ
အအေးနှင့်အပူ ညီမျှ၏။
အအေးစာနှင့်အပူစာမှာ ငါးပုဇွန်စသော
အအေးအပုပ်စာများသော်လည်း စားကြသော
အခါ အအေးစာနှင့်အပူစာကို မျှတစွာ
စားကြ၏။
ဝါယောဓာတ်ပြင်းထန်နေ၍ အာပေါဓာတ်များ
သောကြောင့် စားသောအာဟာရဇဥဏှ
အခိုးအငွေ့သည် ဗဟိဒ္ဓသို့ အထွက်နည်းသ
ဖြင့် အပူနာ ယေဘုယျ ဖြစ်ပေါ်လာတတ်၏။
အပူနာဖြစ်ပေါ်လာသော်လည်း အာဂန္တုကနာ
ဖြစ်၍ အချို့မှာ ဆေးမသောက်ဘဲနှင့် ပျောက်ကင်းသွားတော့၏။
ယခုအခါ အကျင့်ဖေါက်ပြန်  မိုးမမှန်ဘဲ အပူ
ကလည်းလွန်ကဲ စားပြန်သောအခါ အအေးစာကလည်းများ ဝါယောဓာတ်ကလ
ည်း သည်းထန်စွာပွား ကာမဂုဏ်အပျော်အ
ပါးကိုလည်း အလွန်လိုက်စား ဤငါးပါး
တစ်သားတည်း ပေါင်းလာသောကြောင့်
အအေးနာ ယေဘုယျဖြစ်ပေါ်ပြီးလျှင် အပူနာ
အနည်းငယ် ဖြစ်ပေါ်၍လာရ၏။
ထိုဒေသ၌ အပုပ်စာနှင့် ဝါယော သဘောချင်း တူမျှသောကြောင့် သီတဝါယောနာ ယေဘုယျဖြစ်ပေါ်လာတတ်
၏။
သာဓာရဏဒေသ၌ ရှေးအခါ ဥတုကလည်း
မှန် မိမိတို့ဒေသအစာကိုသာ စားရသဖြင့်
အစာကလည်းမှန် အကျင့်ကလည်း မဖေါက်
ပြန် ဗဟိဒ္ဓသို့ ပါစကဓာတ်မီးအခိုးမထွက်ဘဲ
တစ်ကိုယ်လုံး၌ ပျံ့နှံ့နေသောကြောင့်
၎င်းဒေသ၌ နေသောသူတို့မှာ အသားအရေ
စိုပြေဝဖြိုး အသားတိုးခြင်းရှိ၍ အပူနာ ယေဘုယျဖြစ်တတ်၏။
ယခုအခါ ဆန်းကြယ်လာ၍ နိုင်ငံခြားအစာကို
လည်း လွန်စွာစား ကာမဂုဏ်လိုက်စားတာက
လည်း လွန်စွာများ ဥတုကလည်း ပူလျှံပွား
ဥတုကလည်းပြောင်းပြန် အာဟာရကမမှန်
အကျင့်ကဖေါက်ပြန်ကြသောကြောင့်
၎င်းဒေသမှာလည်း ဒူလာမီးယပ်စသော
အအေးနာတို့သည် တစတစ ဖြစ်ပေါ်လာပြီး
အသားအရေ ခြောက်သွေ့ ပိန်ကြုံသောသူ
တို့သာ တဖြေးဖြေးများလာသည်ကို ထောက်ဆလျှင် ထိုဒေသ၌လည်း သီတနာ
ယေဘုယျဖြစ်ပေါ်တတ်သည်ဟုသိသင့်၏။
ဆီးနှင်းအားကြီးသော ဒေသဖြစ်၍ သလိပ်ထ
ကြွများသောကြောင့် သီတပထဝီနာ
ယေဘုယျဖြစ်သင့်၏။
ဇင်္ဂလဒေသ၌ အေးတုံတစ်ခါ ပူတုံတစ်လှည့်
ဖြစ်၍ အပူနှင့်တွေ့သောအခါ အပြင်သို့
အခိုးထွက်ခြင်း အခိုးထွက်နေခိုက် အအေး
ကြုံကြိုက်ပြန်လျှင် အခိုးငုပ်ခြင်း အခိုးယုတ်
ခြင်းစသော သဘောတရားတို့သည် ဖြစ်ပေါ်
လာတတ်ကုန်၏။
ထိုဇင်္ဂလဒေသ၌ ယခုအခါ ရှေးကထက် အပူ
လွန်ကဲသောကြောင့် အပူငုပ်နာ အပူယုတ်နာ လွန်ကဲစွာ ဖြစ်ပေါ်သင့်၏။
အပူလွန်နာဖြစ်သောသူမှာ တစ်ရာတစ်ယောက်မျှသာ ရှိသင့်၏။
ကာမဂုဏ်ခံစားသည့် ဇိမ်သမားတွေများလာ
၍ အကျင့်တရားဖေါက်ပြန် မိုးခေါင်၍ ဥတုက
မမှန်သောကြောင့် လောကဓာတ်မြေပြင်ကြီး
တစ်ခုလုံး အပူရှိန်တွေ ပြင်းထန်သဖြင့်
အအေးနှင့် ဇိမ်ခံလိုသူတို့သည် အေးသော
ဒေသသို့သွားကာ ပန်ကာလေအောက်မှာ
နို့အေး ဖါလူဒါစသော အအေးစာတို့ကို
အစားများ၍ တေဇော ဝါယောဓာတ်အခိုးမ
ထက်သန်ဘဲ အတွင်းမှာ ဓာတ်ငုပ်နာ ဓာတ်
ယုတ်နာ တွေဖြစ်ပေါ်၍ ဒူလာ မီးယပ်စသော
အနာများပြီး ရုပ်အဆင်းမလှဘဲ  မျက်ခမ်းစပ်
မျက်ခမ်းတို မီးယပ်ပိန် မီးယပ်ခြောက် မီးယပ်
ကွက် မီးယပ်ကျိုး ဒူလာကျိုး ဒူလာကွက်
မအိုဘဲနှင့် သွားကျိုး ဆံဖြူ ငယ်မူရှိပါလျက်
ငယ်မူပျောက်သော မိန်းမယောက်ျားများသ
ည့်အပြင် ထိုသူတို့၏ သားသမီးတို့မှာလည်း
မိဖမစင်ကြယ်မှုကြောင့် ငယ်ငယ်ကပင်
ဒူလာမီးယပ်နှင့်ယှဉ်ပြီး ကြီးလာပြန်လျှင်
အကျိုးအကန်း မသန်စွမ်းသောသူသာ တစ်ဖြေးဖြေး များလာသည်ကို ထောက်ဆ
လျှင် ဥဏှနာသဘော ဘယ်ဓာတ်လွန်တယ်လို့ ပြောဘို့တစိ
နဲနဲမှမရှိသောကြောင့် သီတဓာတ်လွန်၍
သီတနာဖြစ်သည်ဟု ယူဆသင့်၏။

Comments

Popular posts from this blog

သီတဥတုနှင့်ဥဏှဥတု လောင်ကျွမ်းပုံအထူး

မဟာဇာတိဝင်္ဂ

သီတတေဇောစာ