Posts

Showing posts from 2016

သမားတို့၏

**သမားတို့၏ပဓာန** ဓာတ်၏ခြင်းရာ လက္ခဏာကို သိသာကွဲပြား ထိုသမားတို့ ပိုင်းခြားမမြင် မကျွမ်းကျင်က ဆင်ကန်းပမာ ဆိုရာစကား ဓာတ်ကားလေးလီ ပထဝီစိတ်ဟု ဥတုအာပေါ ဝါယောအာဟာရ မူလတေဇော ယှဉ်နှောတကွ အာကာသနှင့် ပေါင်းထသည်းခြေ တထွေအပုပ် သရုပ်မူလ ဘယ်ကအရင်း ဖေါက်ပြန်ခြင်းကို နေမင်းအဆွေ ဗာဟိရေနှင့် မဇ္ဈေအန္တော သဘောပိုင်းခြား ခြောက်ပါးရတု သုံးဥတုနှင့် တစ်ခုမမှန် ဓာတ်ဖေါက်ပြန်ရာ ဘယ်ဓာတ်နှင့်ပင် ဘယ်ဓာတ်ယှဉ်သည် မယှဉ်သည်ကို နားလည်မှသာ ဝေဒနာသည် ရှင်းကွာကိုယ်က လွတ်မည်တည်း။ (**နဝင်းရောင်၆ပါး) ဒက္ခိဏတောင်ခြေ ကျွန်းရပ်မြေ၌ ရှိနေသူအား အကျိုးများဘို့ ခြောက်ပါးနဝင်း ရောင်အဆင်းတို့ ဖေါက်ထွင်းသေချာ သိစိမ့်ငှာလျှင် မေတ္တာရွှေမိုး ရွာသွန်းဖြိုးအံ့ ခေါ်ရိုးပထဝီ နဝင်းမှီလျက် အရောင်နက်၏ နီရှက်အာပေါ တေဇောဖြူဖွေး ရွှေသွေးဝါယော စိမ်းသောသည်းခြေ အပုပ်နေမှာ ပြာရောင်သာတည့် အာကာမည် ဝင်း ထိန်ထိန်လင်းသည့် မယွင်းအမှန် အဖိုးတန်ပေ ရွှေငွေကျောက်သံ ကြေးမှန်ပြဒါး လက္ချားနာသွပ် ဂျွတ်နှင့်ဆေးဒန်း ဗဟန်းတုတ္ထာ စိန်ပါကန့်တွဲ အမြဲတည်သာ ရသာခြောက်ပါး နဝင်းသွားကို ထင်ရှားမနှေး သိအောင်ပေးသည် တတ်ရေးတတ်ရာ အကြောင်းတည်း။ *****    ***** ...

သီတပထဝီနာ

သီတပထဝီနာသည် အနုပဒေသ သာဓာရဏ ဒေသမှာ ဖြစ်ပေါ်လာလျှင် ဥဏှဥတုကို ထောက်ရှု၍၎င်း ဥတုပြုပြင်၍၎င်း ဥဏှတေဇောဆေးအစာကို ယေဘုယျ။ ဥဏှဝါယော ဥဏှပထဝီဆေးအစာတို့ကို အနည်းငယ် ရောဂါပျောက်ရုံမျှ ပေးပြီးမှ ဒေသကြိုက် ဆေးအစာတို့ကို ဆက်၍ပေး သင့်၏။ ဥဏှပထဝီနာသည် ၎င်းဒေသမှာ ဖြစ်ပေါ်လာ လျှင် သီတဥတုကို ထောက်ရှု၍ သီတတေဇောဆေးအစာကို စိတ်ချစွာ ပေးပြီး မှ သီတပထဝီ သီတဝါယော ဆေးအစာတို့ ကို ထိုက်သင့်စွာ ပေးသင့်၏။ သီတဝါယောနာသည် အနုပဒေသ သာဓာရ ဏဒေသမှာ ဖြစ်ပေါ်လာလျှင် ဥဏှတုကို ထောက်ရှု၍၎င်း ဥတုပြုပြင်၍၎င်း ဥဏှဝါယောဆေးအစာကို ယေဘုယျ။ ဥဏှပထဝီ ဥဏှတေဇောဆေးအစာတို့ကို အနည်းငယ် ရောဂါပျောက်ရုံ ပေးပြီးမှ ဒေသ ကြိုက်အစာတို့ကို ဆက်၍ပေးသင့်၏။ *ဥဏှဝါယောနာသည် ၎င်းဒေသ၌ ဖြစ်ပေါ် လာလျှင် သီတဥတုကို ထောက်ရှု၍ သီတဝါယောဆေးအစာတို့ကို စိတ်ချစွာ ပေး ပြီးမှ သီတပထဝီ သီတတေဇောဆေးအစာ တို့ကို ထိုက်သင့်စွာ ပေးသင့်၏။ *သီတတေဇောနာသည် အနုပဒေသ သာဓာ ရဏဒေသမှာ ဖြစ်ပေါ်လာလျှင် ဥဏှဥတုကို ထောက်ရှု၍၎င်း ဥတုပြုပြင်၍၎င်း ဥဏှပထဝီ ဆေးအစာကို ယေဘုယျ။ ဥဏှဝါယော ဥဏှတေဇောဆေးအစာတို့ကို အနည်းငယ် ရောဂါပျောက်ရုံ ပေးပြီးမှ ဒေသ ကြိုက်အစာကို ဆက်၍ ပေးသင့်၏။ *ဥဏှတေဇောနာသည် ၎င်းဒေသမှာ ဖြစ်ပေါ် ...

ဓာတ် ဝေဒနာ ဒေသ အာဟာရ

(၆) ဓာတ် ဝေဒနာ ဒေသ အာဟာရ လေးပါးကို ရောနှော၍ ပြခြင်း** အနုပဒေသ၌ ရှေးအခါ မိုးမှန်ကန်စွာ ရွာ၍ အအေးများသော်လည်း မိုးပြတ်သောခဏ အအေးနှင့်အပူ ညီမျှ၏။ အအေးစာနှင့်အပူစာမှာ ငါးပုဇွန်စသော အအေးအပုပ်စာများသော်လည်း စားကြသော အခါ အအေးစာနှင့်အပူစာကို မျှတစွာ စားကြ၏။ ဝါယောဓာတ်ပြင်းထန်နေ၍ အာပေါဓာတ်များ သောကြောင့် စားသောအာဟာရဇဥဏှ အခိုးအငွေ့သည် ဗဟိဒ္ဓသို့ အထွက်နည်းသ ဖြင့် အပူနာ ယေဘုယျ ဖြစ်ပေါ်လာတတ်၏။ အပူနာဖြစ်ပေါ်လာသော်လည်း အာဂန္တုကနာ ဖြစ်၍ အချို့မှာ ဆေးမသောက်ဘဲနှင့် ပျောက်ကင်းသွားတော့၏။ ယခုအခါ အကျင့်ဖေါက်ပြန်  မိုးမမှန်ဘဲ အပူ ကလည်းလွန်ကဲ စားပြန်သောအခါ အအေးစာကလည်းများ ဝါယောဓာတ်ကလ ည်း သည်းထန်စွာပွား ကာမဂုဏ်အပျော်အ ပါးကိုလည်း အလွန်လိုက်စား ဤငါးပါး တစ်သားတည်း ပေါင်းလာသောကြောင့် အအေးနာ ယေဘုယျဖြစ်ပေါ်ပြီးလျှင် အပူနာ အနည်းငယ် ဖြစ်ပေါ်၍လာရ၏။ ထိုဒေသ၌ အပုပ်စာနှင့် ဝါယော သဘောချင်း တူမျှသောကြောင့် သီတဝါယောနာ ယေဘုယျဖြစ်ပေါ်လာတတ် ၏။ သာဓာရဏဒေသ၌ ရှေးအခါ ဥတုကလည်း မှန် မိမိတို့ဒေသအစာကိုသာ စားရသဖြင့် အစာကလည်းမှန် အကျင့်ကလည်း မဖေါက် ပြန် ဗဟိဒ္ဓသို့ ပါစကဓာတ်မီးအခိုးမထွက်ဘဲ တစ်ကိုယ်လုံး၌ ပျံ့နှံ့နေသောေ...

ဥဏှတေဇောဓာတ်လွန်

ဥဏှတေဇောဓာတ်လွန်ကဲခြင်းကြောင့် ဖြစ်ပေါ်လာသောအနာသည် ဥဏှတေဇော နာမည်၏။ ထိုဥဏှတေဇောနာသည် ဥဏှဥတုမှာ ဖြစ်ပေါ်လာလျှင် အနာနှင့်ဥတု သဘာဂဖြစ်၍ ဥတုနှင့်ဆေးအစာမှာ ဝိသဘာဂဖြစ်သောကြောင့် ဥတုကိုနိုင်အောင် သီတပထဝီဆေးအစာကို ယေဘုယျပေးပြီးမှ သီတဝါယော သီတတေ ဇော ဆေးအစာတို့ကို ထိုက်သင့်စွာပေး၍ ရေချိုးခြင်း ရေတဘက်လွှမ်းခြင်းစသည်ဖြင့် ဥတုကို ပြုပြင်ကာ ကုသသင့်၏။ ၎င်းဥဏှတေဇောနာသည် သီတဥတုမှာ ဖြစ်ပေါလာလျှင် ဥတုနှင့်ဆေးအစာမှာူသဘာဂဖြစ်သောကြောင့် သီတပထဝီဆေး အစာကို စိတ်ချစွာပေးပြီးမှ သီတဝါယော သီတတေဇောဆေးအစာတို့ကို ထိုက်သင့် စွာ ပေး၍ ကုသသင့်၏။ **အကျဉ်းချုပ်ယူဆရန်သဘာဝ** သီတပထဝီနာနှင့် ဥဏှတေဇောစာ။ သီတဝါယောနာနှင့် ဥဏှဝါယောစာ။ သီတတေဇောနာနှင့် ဥဏှပထဝီစာ။ ဥဏှပထဝီနာနှင့် သီတတေဇောစာ။ ဥဏှဝါယောနာနှင့်သီတဝါယောစာ။ ဥဏှတေဇောနာနှင့် သီတပထဝီစာ။ ဤအနာနှင့် ဤအစာတို့ကို အသီးအသီးတွဲ ၍ ပြခြင်းမှာ ယေဘုယျသို့လိုက်၍ ပြလိုက် သည်။ သို့သော် သီတနာသုံးပါး၌ ဥဏှစာ သုံးမျိုးကို အစဉ်မကျဘဲ ပေးလျှင် အနည်း ငယ်သာပျောက်ကင်းရာ၏။ မှားခြင်းကား မရှိနိုင် ။ တစ်ခါတစ်ရံ သီတဝါယောနာမှာ ဥဏှဝါယောစာကို ရှေးဦးစွာ ပေးသင့်သော် လည်း ပေး၍မသင့်သေြာေ...

ဥဏှပထဝီဓာတ်လွန်

ဥဏှပထဝီဓာတ်လွန်ကဲခြင်းကြောင့်ဖြစ်ပေါ် သောအနာသည် ဥဏှပထဝီနာမည်၏။ ထိုအနာသည် ဥဏှဥတုမှာ ဖြစ်ပေါ်လာလျှင် အနာနှင့်ဥတု သဘာဂဖြစ်၍ ဥတုနှင့်ဆေး အစာမှာ ဝိသဘာဂဖြစ်သောကြောင့် ဥတုကို နိုင်အောင် သီတတေဇော ဆေးအစာကို ယေဘုယျပေးပြီးမှ သီတပထဝီ သီတဝါယော ဆေးအစာတို့ကို ထိုက်သင့်စွာပေး၍ ဥတုကို ပြုပြင်ကာ ကုသသင့်၏။ ၎င်းဥဏှပထဝီနာ သည် သီတဥတုမှာ ဖြစ်ပေါ်လာလျှင် ဥတုနှင့်ဆေးအစာမှာ သဘာဂဖြစ်သော ကြောင့် သီတတေဇောဆေးအစာကို စိတ်ချ စွာ ပေးပြီးမှ သီတပထဝီ သီတဝါယော ဆေး အစာတို့ကို ထိုက်သင့်စွာ ပေး၍ ကုသသင့် ၏။ **ဥဏှဝါယောဓာတ်လွန်ကဲခြင်းကြောင့်ဖြစ် ပေါ်သောအနာသည် ဥဏှဝါယောနာမည်၏ ထိုဥဏှဝါယောနာသည် ဥဏှဥတုမှာ ဖြစ်ပေါ် လာလျှင် အနာနှင့်ဥတု သဘာဂဖြစ်၍ ဥတုနှင့်ဆေးအစာမှာ ဝိသဘာဂဖြစ်သော ကြောင့် ဥတုကိုနိုင်အောင် သီတဝါယော ဆေးအစာကို ယေဘုယျပေးပြီးမှ သီတပထဝီ သီတတေဇောဆေးအစာတို့ကို ထိုက်သင့် စွာ ပေး၍ ရေချိုခြင်း ရေတဘက်လွှမ်းခြင်း စသည်တို့ဖြင့် ဥတုကို ပြုပြင်ကာ ကုသသင့် ၏။ ၎င်းဥဏှဝါယောနာသည် သီတဥတုမှာ ဖြစ်ပေါ်လာလျှင် ဥတုနှင့်ဆေးအစာမှာ သဘာဂဖြစ်သောကြောင့် သီတဝါယောဆေး အစာကို စိတ်ချစွာပေးပြီးမှ သီတပထဝီ သီတ တေဇောဆေးအစာတို့ကို ထိုက်သင့်စွာပေး ၍ က...

သီတတေဇောဓာတ်လွန်

သီတတေဇောဓာတ်လွန်ကဲခြင်းကြောင့် ဖြစ်ပေါ်သောအနာသည် သီတတေဇောနာ မည်၏။ ထိုသီတတေဇောနာသည် သီတဥတု ၌ ဖြစ်ပေါ်လာလျှင် အနာနှင့်ဥတုမှာ သဘာဂဖြစ်၍ ဥတုနှင့်ဆေးအစာမှာ ဝိသဘာဂဖြစ်သောကြောင့် ဥတုကိုနိုင်အောင် ဥဏှပထဝီဆေးအစာကို ယေဘုယျပေးပြီးမှ ဥဏှဝါယော ဥဏှတေဇော ဆေးအစာတို့ကို ထိုက်သင့် စွာ ပေး၍ ဥတုကို ပြုပြင်ကာ ကုသသင့်၏။ ၎င်းသီတတေဇောနာသည် ဥဏှဥတု၌ ဖြစ် ပေါ်လာလျှင် ဥတုနှင့်ဆေးအစာမှာ သဘာ ဂဖြစ်သောကြောင့် ဥဏှပထဝီဆေးအစာကို စိတ်ချစွာ ပေးပြီးမှ ဥဏှဝါယောဥဏှတေဇော ဆေးအစာတို့ကို ထိုက်သင့်စွာ ပေး၍ ကုသ သင့်၏။

သီတဝါယောဓာတ်လွန်

သီတဝါယောဓာတ်လွန်ကဲခြင်းကြောင့် ဖြစ်ပေါ်သောအနာသည် သီတဝါယောနာမ ည်၏။ ထိုသီတဝါယောနာသည် သီတဥတု အတွင်း၌ ဖြစ်ပေါ်လာလျှင် အနာနှင့်ဥတုမှာ သဘာဂဖြစ်၍ ဥတုနှင့်ဆေးအစာမှာ ဝိသဘာဂဖြစ်သောကြောင့် ဥတုကိုနိုင်အောင် ဥဏှဝါယောဆေးအစာကို ယေဘုယျပေးပြီးမှ ဥဏှပထီဥဏှတေဇော ဆေးအစာကို ထိုက်သင့်စွာပေး၍ ဥတုကို ပြုပြင်ကာ ကုသသင့်၏။ ၎င်းသီတဝါယောနာသည် ဥဏှဥတုအတွင်း၌ ဖြစ်ပေါ်လာလျှင် ဥတုနှင့်ဆေးအစာမှာ သဘာဂဖြစ်သောကြောင့် ဥဏှဝါယောဆေး အစာကို စိတ်ချစွာ ပေးပြီးမှ ဥဏှပထဝီ ဥဏှတေဇောဆေးအစာတို့ကို ပေး၍ ကုသ သင့်၏။
နီလာဒိဘေဒံ အာရမ္မဏံ သဉ္ဇာနာတီတိ သညာ၊သာ သဉ္ဇာနနလက္ခဏာ၊ ပစ္စာဘိညာဏရသာ။စတုဘူမိကသညာ ဟိ ​နော သဉ္ဇာနနလက္ခဏာ နာမ နတ္ထိ၊သဗ္ဗာ သဉ္ဇာနနလက္ခဏာဝ၊၊ယာ ပ​နေတ္ထ အဘိညာ​ဏေန သဉ္ဇာနာတိ၊သာ ပစ္စာဘိညာဏရသာ နာမ ​ဟောတိ။(န၁၅၃/၁၅၄) * * ယာ ဓမ္မဇာတိ နီလာဒိ​ဘေဒံ အာရမ္မဏံ သဉ္ဇာနာတိ သညံ ကတွာ ဇာနာတိ ဣတိ သာ ဓမ္မဇာတိ သညာ။ သဉ္ဇာနနံ လက္ခဏံ အဿာ သညာယာတိ သဉ္ဇာနနလက္ခဏာ။ ပတိ ပုန အဘိညာယ​တေ သဉ္ဇာနီယ​တေ ပစ္စာဘိညာဏံ။။ ပစ္စာဘိညာဏံ ရ​သော ကိစ္စံ အဿာ သညာယာတိ ပစ္စာဘိညာဏရသာ။ ပနသ​ဒ္ဒော ဝကျာရ​မ္ဘော ဧတ္ထ ဧတာသု သညာသု ယာ သညာ အဘိညာဏေန ပုဗ္ဗလက္ခဏေန သဉ္ဇာနာတိ သာ သညာ ပစ္စာဘိညာဏရသာ နာမ ဟောတီတိ ယောဇနာ။ * တဿာ ဝဍ္ဎကိဿ ဒါရုမှိ အဘိညာဏံ ကတွာ ပုန ​တေန အဘိညာ​ဏေန တံ ပစ္စာဘိဇာနနကာ​လေ; ပုရိသဿ ကာဠတိလကာဒိအဘိညာဏံ သလ္လ​က္ခေတွာ ပုန ​တေန အဘိညာ​ဏေန "အသု​ကော နာမ ဧ​သော"တိ တဿ ပစ္စာဘိဇာနနကာ​လေ ; ရ​ညော ပိဠန္ဓန​ဂေါပကဘဏ္ဍာဂါရိကဿ တသ္မိံ တသ္မိံ ပိဠန္ဓ​နေ နာမပဏ္ဏကံ ဗန္ဓိတွာ "အသုကံ ပိဠန္ဓနံ နာမ အာဟရာ"တိ ဝု​တ္တေ ဒီပံ ဇာ​လေတွာ ရတနဂဗ္ဘံ ပဝိသိတွာ ပဏ္ဏံ ဝါ​စေတွာ တဿ တေဿဝ ပိဠန္ဓနဿ အာဟရဏကာ​လေ စ ပဝတ္တိ ​ဝေဒိတဗ္ဗာ။ (နီ၁၅၄) * * တဿာတိ သညာယ၊ပဝတ္တိ ​ဝေဒိတဗ္ဗ...