သီတတေဇောဓာတ်လွန်
သီတတေဇောဓာတ်လွန်ကဲခြင်းကြောင့်
ဖြစ်ပေါ်သောအနာသည် သီတတေဇောနာ
မည်၏။ ထိုသီတတေဇောနာသည် သီတဥတု
၌ ဖြစ်ပေါ်လာလျှင် အနာနှင့်ဥတုမှာ သဘာဂဖြစ်၍ ဥတုနှင့်ဆေးအစာမှာ ဝိသဘာဂဖြစ်သောကြောင့် ဥတုကိုနိုင်အောင် ဥဏှပထဝီဆေးအစာကို
ယေဘုယျပေးပြီးမှ ဥဏှဝါယော ဥဏှတေဇော ဆေးအစာတို့ကို ထိုက်သင့်
စွာ ပေး၍ ဥတုကို ပြုပြင်ကာ ကုသသင့်၏။
၎င်းသီတတေဇောနာသည် ဥဏှဥတု၌ ဖြစ်
ပေါ်လာလျှင် ဥတုနှင့်ဆေးအစာမှာ သဘာ
ဂဖြစ်သောကြောင့် ဥဏှပထဝီဆေးအစာကို
စိတ်ချစွာ ပေးပြီးမှ ဥဏှဝါယောဥဏှတေဇော
ဆေးအစာတို့ကို ထိုက်သင့်စွာ ပေး၍ ကုသ
သင့်၏။

Comments
Post a Comment