ဥဏှပထဝီဓာတ်လွန်

ဥဏှပထဝီဓာတ်လွန်ကဲခြင်းကြောင့်ဖြစ်ပေါ်
သောအနာသည် ဥဏှပထဝီနာမည်၏။
ထိုအနာသည် ဥဏှဥတုမှာ ဖြစ်ပေါ်လာလျှင်
အနာနှင့်ဥတု သဘာဂဖြစ်၍ ဥတုနှင့်ဆေး
အစာမှာ ဝိသဘာဂဖြစ်သောကြောင့် ဥတုကို
နိုင်အောင် သီတတေဇော ဆေးအစာကို ယေဘုယျပေးပြီးမှ သီတပထဝီ သီတဝါယော
ဆေးအစာတို့ကို ထိုက်သင့်စွာပေး၍ ဥတုကို
ပြုပြင်ကာ ကုသသင့်၏။ ၎င်းဥဏှပထဝီနာ
သည် သီတဥတုမှာ ဖြစ်ပေါ်လာလျှင် ဥတုနှင့်ဆေးအစာမှာ သဘာဂဖြစ်သော
ကြောင့် သီတတေဇောဆေးအစာကို စိတ်ချ
စွာ ပေးပြီးမှ သီတပထဝီ သီတဝါယော ဆေး
အစာတို့ကို ထိုက်သင့်စွာ ပေး၍ ကုသသင့်
၏။
**ဥဏှဝါယောဓာတ်လွန်ကဲခြင်းကြောင့်ဖြစ်
ပေါ်သောအနာသည် ဥဏှဝါယောနာမည်၏
ထိုဥဏှဝါယောနာသည် ဥဏှဥတုမှာ ဖြစ်ပေါ်
လာလျှင် အနာနှင့်ဥတု သဘာဂဖြစ်၍ ဥတုနှင့်ဆေးအစာမှာ ဝိသဘာဂဖြစ်သော
ကြောင့် ဥတုကိုနိုင်အောင် သီတဝါယော
ဆေးအစာကို ယေဘုယျပေးပြီးမှ သီတပထဝီ
သီတတေဇောဆေးအစာတို့ကို ထိုက်သင့်
စွာ ပေး၍ ရေချိုခြင်း ရေတဘက်လွှမ်းခြင်း
စသည်တို့ဖြင့် ဥတုကို ပြုပြင်ကာ ကုသသင့်
၏။ ၎င်းဥဏှဝါယောနာသည် သီတဥတုမှာ
ဖြစ်ပေါ်လာလျှင် ဥတုနှင့်ဆေးအစာမှာ
သဘာဂဖြစ်သောကြောင့် သီတဝါယောဆေး
အစာကို စိတ်ချစွာပေးပြီးမှ သီတပထဝီ သီတ
တေဇောဆေးအစာတို့ကို ထိုက်သင့်စွာပေး
၍ ကုသသင့်၏။

Comments

Popular posts from this blog

သီတဥတုနှင့်ဥဏှဥတု လောင်ကျွမ်းပုံအထူး

မဟာဇာတိဝင်္ဂ

သီတတေဇောစာ