Posts

Showing posts from December, 2014

သီတာဟာရ ဥဏှာဟာရ ရွေးပုံ

သီတာဟာရ ဥဏှာဟာရ၂ပါါးကို ဒေသအားဖြင့်၎င်း ရသအားဖြင့်၎င်း ဂရုလဟုအားဖြင့်၎င်း သဒ္ဒအားဖြင့်၎င်း ဥတုအားဖြင့်၎င်း အပွေးအားဖြင့်၎င်း အပွင့်အားဖြင့်၎င်း အစေးအားဖြင့်၎င်း ဤ၈ပါးသော အခြင်းအရာတို့တွင် ၁ပါး၂ပါးစသော ဆက်ဆံသော အခြင်းအရာဖြင့် ယေဘုယျရွေးယူရာ၏။ (က)ဒေသအားဖြင့်ရွေးယူပုံ အေးသောဒေသမှာ ယေဘုယျရှိ၍ ပူသောဒေသမှာ အနည်းငယ်ရှိသော ရေလိပ် ဖါး ရေဘဲ ရေကြက် ရေဝက် ဖွတ် မိကျောင်း ငါး ပုဇွန် ယောက်သွား ခရု ကယုကရင်း ရေကဇွန်း ကနဖေါ့ ဗြုံးမွေး လယ်ပဒူ လယ်ဟင်းခါး မုံလာ မုံညှင်း ဆလတ် ဂေါ်ဖီ ပိန်းအု မြောက်အု ကဇိန်းဥ ပဒတ်စာဥ သဒွေးဥ အာတာလွတ်ဥ စသောအစာအာဟာရသည် သီတာဟာရမည်၏။ ပူသောဒေသမှာ ယေဘုယျရှိ၍ အေးသောဒေသမှာအနည်းငယ်ရှိသော ယုန် သမင် ခါ ဖြောက်ဆိတ် ထနောင်း နရှာ မိုးနံ တမာ ဆူးပုပ်ငယ် အုပ်ရှစ် ကုက္ကို ကင်းပုံ သနပ်ခါး ပိုးစာ အစရှိသော ဆေးအစာာအာဟာရ သည် ဥဏှာဟာရမည်၏။ **(ခ)ရသအားဖြင့်ရွေးပုံ ချိုသောအရသာ ချဉ်သောအရသာ ငန်သောအရသာ ရှိသော ကြံရေ ထန်းရေ အုန်းရေ ပေရေ ဓနိရေ သကြား ထန်းလျက် ကြံသကာ ပျားရေ ငှက်ပျောသီးမှည့် သင်္ဘောသီးမှည့် သြဇာသီးမှည့် ချိုသောမုံ့ နို့ဟူသမျှ ကျောက်ချဉ် ပန်းသီး နှင်းသီး သဗျက်သီး လိမ္မော်သီး ရှောက်သီး သမ္ဘရာသီး နာနပ်သီး ဒူးရင်းသီး သရ...
ဘာမှမရှ ထထိ

အာဟာရ၏ကိန်းရာရသဓာတ်၆ပါး

ချိုချဉ်ဖန်ခါး ငန်စပ်ငြား ခြေက်ပါးရသဓာတ်* အာဟာရ၏တည်ရာဖြစ်သော ရသဓာတ်သည် ချိုသောရသဓာတ် ချဉ်သောရသဓာတ် ဖန်သောရသဓာတ် ခါးသောရသဓာတ် ငန်သောရသဓာတ် စပ်သော ရသဓာတ်ဟူ၍ခြောက်ပါးရှိ၏။ထိုတွင် သကြား ပျား တင်လဲစသောဝတ္ထု၌ ကိန်းသောရသဓာတ်သည် ချိုသောရသဓာတ်မည်၏။ ရှောက် သမ္ဘရာ မရမ်းစသောဝတ္ထု၌ ကိန်းသောရသဓာတ်သည် ချဉ်သောရသဓာတ်မည်၏ သပြေသဖန်း မာလကာစသောဝတ္ထု၌ကိန်းသောရသဓာတ်သည် ဖန်သောရသဓာတ်မည်၏။ တမာ ဂန့်ဂလာ ကြက်ဟင်းခါး ကြောင်လျှာ မယ်ဇလီစသောဝတ္ထု၌ ကိန်းသောရသဓာတ်သည် ခါးသောရသဓာတ် မည်၏။ ဆား ဆပ်ပျာ သိန္ဒော ဆားပုပ် ပျာစသောဝတ္ထု၌ကိန်းသောရသ ဓာတ်သည် ငန်သောရသဓာတ်မည်၏။ ငြုပ်သီး ငြုပ်ကောင်း ဂျင်းး ပိတ်ချင်း လေးညှင်းစသောဝတ္ထု၌ ကိန်းသောရသဓာတ်သည် စပ်သောရသဓာတ် မည်၏။ **ဆိမ့်သောရသဓာတ်ကို အချို၌၎င်း အဖန်၌၎င်း အတွင်းဝင်သောကြောင့် သီးခြား ထုတ်ဖေါ်၍ မဆိုဟုမှတ်** ထို၆ပါးသော ရသဓာတ်သည် သုဒ္ဓရသဓာတ် မိဿကရသဓာတ်ဟူ၍ ၂ပါးရှိ၏။ထိုတွင် ဝတ္ထုတစ်ခုတည်း၌ ချဉ် ဖန် ငန် ဤ၃ပါးနှင့် မရောဘဲ အချို သက်သက်ကိန်းသောရသဓာတ်သည်၎င်း ထို့အတူ ချို ငန် ဖန် သော ရသဓာတ်တို့တွင် ၂ပါး၃ပါးနှင့်မရောဘဲ အချဉ်သက်သက် အငန်သက်သက် အဖန်သက်သက်ဖြစ်သောရသဓာတ်သည်၎င်း အခါးသက်သက်ဖြစ်သောရသဓာတ်သည်၎င်း သုဒ္ဓရသဓာတ်မည်၏။ ...

ကဗဠီကာဟာရ၏ လက္ခ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်

ကဗဠီကာဟာရသည် ပကတိမျက်စိဖြင့် မမြင်ကောင်းသော ထူးသော ပရမတ္ထသဘာဝ အနှစ်အစေးသြဇာလက္ခဏာရှိ၏။ အာဟာရဇရုပ်ကို ဆောင်ခြင်းကိစ္စရှိ၏။ စတုသမုဋ္ဌာနိကရုပ်ဟုဆိုအပ်သော ရူပကာယကို ထောက်ပံ့ခြင်းလျှင်ဉာဏ်အားရှေးရှုထင်ခြင်းပစ္စုပဋ္ဌာန်ရှိ၏။ စားခြင်းဝါးခြင်း လျက်ခြင်းစသော အလုပ်အလွေးကိုပြု၍ မျိုအပ်သောထမင်းမုံ့စသော ဝတ္ထုလျှင် နီးစွာသော အကြောင်းရင်းပဒဋ္ဌာန်ရှိ၏။ **သြဇာလက္ခဏော ကဗဠီကာဟာရော။ ရူပါဟရဏရသော။ ဥပတ္ထမ္ဘနပစ္စုပဋ္ဌာနော။ ကဗဠံ ကတွာ အာဟရိတဗ္ဗ ဝတ္ထုပဒဋ္ဌာနော။ (အဋ္ဌသာလိနီ)

ပကတိအာဟာရ ဝိကတိအာဟာရ

ပြဆိုပြီးသော ကဗဠီကာဟာရသည် ပကတိအာဟာရ ဝိကတိအာဟာရ ဟူ၍၂ပါးရှိ၏။ထိုတွင် တိုင်းစွန် ပြည်စ ပစ္စန္တရစ်အရပ်သားတို့၏ အမြဲ စားသောက်နေကျဖြစ်သော ကြမ်းတန်းသောအာဟာရသည် ထိုသူတို့၏ ပကတိအာဟာရမည်၏။ ပစ္စည်းချမ်းသာသော သူဋ္ဌေးသူကြွယ် ရွာစား မြို့စား အမတ်မင်းစသောသူတို့၏ အမြဲ စားသောက်နေကျဖြစ်သော ဆီဦး ထောပတ် နို့အမျိုးမျိုး မုံ့အမျိုးမျိုးအစရှိသော နူးညံ့သိမ်မွေ့သော အစာအာဟာရသည် ထိသူတို့၏ ပကတိအာဟာရမည်၏။ ပစ္စန္တရစ်သားတို့သည် သူဋ္ဌေးသူကြွယ်စသောသူတို့၏ အမြဲစားသောက်နေကျဖြစ်သော ဆီဦးထောပတ်စသောသိမ်မွေ့နူးညံ့ သော အစာအာဟာရတို့ကို တစ်ခါတစ်ရံ စားသောက်မိကြသည်ရှိသော် ထိုပစ္စန္တရစ်သားတို့၏ ပါစကဓာတ်မီးသည် ကြမ်းတန်းသော အစာကို ချက်နေကျဖြစ်၍ နူးညံ့သော အစာကို မချက်နိုင်သောကြောင့် ယေဘူယျ အားဖြင့် အစာမကြေဘဲ ရောဂါရတတ်ကြကုန်၏။ သူဋ္ဌေးသူကြွယ်စသောမြို့ကြီးသားတို့သည်လည်း မိမိတို့စားနေကျမဟုတ်သော ပစ္စန္တရစ်သားတို့၏ စားနေကျဖြစ်သော လူး ထမင်းစသော ကြမ်းတန်းသော အစာကို စားမိကြသည်ရှိသော် သိမ်မွေ့ နူးညံ့သောအစာအာဟာရကို ချက်နေကျဖြစ်သော ထိုသူဋ္ဌေးစသောသူ တို့၏ ပါစကဓာတ်မီးသည် ကြမ်းတန်းသော အစာအာဟာရကို မချက်နိုင် သောကြောင့် ယေဘုယျအားဖြင့် ရောဂါရတတ်ကြကုန်၏။ ထို့ကြောင့် ပ...

သြဠာရိကာဟာရ သုခုမာဟာရ

သြဠာရိကေ ဝတ္ထုသ္မိံ သြဇာ မန္ဒာ ဟောတိ။ သုခုမေ ဗလဝတီ( (အဋ္ဌသာလိနီ) သြဠာရိကေ-ရုန့်ရင်းကြမ်းထန်းသော။ ဝတ္ထုသ္မိံ-ထမင်းစသောဝတ္ထု၌။ သြဇာ-ရှိသောသြဇာသည်။မန္ဒာ-နုံ့သည်(ဝါ)နည်းသည်။ဟောတိ-ဖြစ်၏။ သုခုမေ-သိမ်မွေ့နူးညံ့သော။ဝတ္ထုသ္မိံ-ထောပတ်စသောဝတ္ထု၌။သြဇာ- ရှိသောသြဇာသည်။ဗလဝတီ-အားကြီးသည်(ဝါ)များပြားသည်။ ဟောတိ- ဖြစ်၏။ ကြမ်းထန်းသော လူးထမင်း ပြောင်းထမင်း ဆတ်ထမင်းစသောဝတ္ထု၌ကိန်းသော သြဇာသည် ဝတ္ထုကြမ်းထန်း၍ အနှစ်အစေးနည်းပါးသောကြောင့် နုံ့နည်း၏။ သိမ်မွေ့နူးညံ့သော ထောပတ်နွားနို့စသော ဝတ္ထု၌ ကိန်းသောသြဇာသည် ဝတ္ထုသိမ်မွေ့ နူးညံ့၍ အနှစ်အစေး များပြားသောကြောင့်အားကြီး၏။ ကြမ်းထန်းသောဝတ္ထုကို မှီ၍ဖြစ်သော သြဇာသည် ဝတ္ထုကြမ်းတန်းသော ကြောင့် သြဠာရိကသြဇာမည်၏။ နူးညံ့သောဝတ္ထုကိုမှီ၍ဖြစ်သောသြဇာ သည် ဝတ္ထုသိမ်မွေ့နူးညံ့သောကြောင့် သုခုမသြဇာမည်၏။ ထို့ကြောင့် ကြမ်းတန်းသော လူးထမင်း ပြောင်းထမင်းစသည်တို့ကို စားသောသူသည် ထိုလူးထမင်းပြောင်းထမင်းစသည်တို့၌ သြဇာနည်းပါး သဖြင့် ပါစကဓာတ်မီးချက်၍ ကြေကျက်လွယ်သောကြောင့် တစ်ခဏမျှ မွတ်သိပ်ဆာလောင်ခြင်းဖြစ်တတ်၏။ သိမ်မွေ့နူးညံ့သော ထောပတ် နွားနို့စသည်တို့ကို စားသောက်သူသည် ထိုထောပတ်နွားနို့စသည် တို့၌ သြဇာများပြားအားကြီးသြ...