ဥဏှတေဇောဓာတ်လွန်
ဥဏှတေဇောဓာတ်လွန်ကဲခြင်းကြောင့် ဖြစ်ပေါ်လာသောအနာသည် ဥဏှတေဇော နာမည်၏။ ထိုဥဏှတေဇောနာသည် ဥဏှဥတုမှာ ဖြစ်ပေါ်လာလျှင် အနာနှင့်ဥတု သဘာဂဖြစ်၍ ဥတုနှင့်ဆေးအစာမှာ ဝိသဘာဂဖြစ်သောကြောင့် ဥတုကိုနိုင်အောင် သီတပထဝီဆေးအစာကို ယေဘုယျပေးပြီးမှ သီတဝါယော သီတတေ ဇော ဆေးအစာတို့ကို ထိုက်သင့်စွာပေး၍ ရေချိုးခြင်း ရေတဘက်လွှမ်းခြင်းစသည်ဖြင့် ဥတုကို ပြုပြင်ကာ ကုသသင့်၏။ ၎င်းဥဏှတေဇောနာသည် သီတဥတုမှာ ဖြစ်ပေါလာလျှင် ဥတုနှင့်ဆေးအစာမှာူသဘာဂဖြစ်သောကြောင့် သီတပထဝီဆေး အစာကို စိတ်ချစွာပေးပြီးမှ သီတဝါယော သီတတေဇောဆေးအစာတို့ကို ထိုက်သင့် စွာ ပေး၍ ကုသသင့်၏။ **အကျဉ်းချုပ်ယူဆရန်သဘာဝ** သီတပထဝီနာနှင့် ဥဏှတေဇောစာ။ သီတဝါယောနာနှင့် ဥဏှဝါယောစာ။ သီတတေဇောနာနှင့် ဥဏှပထဝီစာ။ ဥဏှပထဝီနာနှင့် သီတတေဇောစာ။ ဥဏှဝါယောနာနှင့်သီတဝါယောစာ။ ဥဏှတေဇောနာနှင့် သီတပထဝီစာ။ ဤအနာနှင့် ဤအစာတို့ကို အသီးအသီးတွဲ ၍ ပြခြင်းမှာ ယေဘုယျသို့လိုက်၍ ပြလိုက် သည်။ သို့သော် သီတနာသုံးပါး၌ ဥဏှစာ သုံးမျိုးကို အစဉ်မကျဘဲ ပေးလျှင် အနည်း ငယ်သာပျောက်ကင်းရာ၏။ မှားခြင်းကား မရှိနိုင် ။ တစ်ခါတစ်ရံ သီတဝါယောနာမှာ ဥဏှဝါယောစာကို ရှေးဦးစွာ ပေးသင့်သော် လည်း ပေး၍မသင့်သေြာေ...