Posts

Showing posts from April, 2015

ဓာတ် ဝေဒနာ ဥတု အာဟာရ ရောနှောပြ

သီတပထဝီဓာတ်လွန်ကဲခြင်းကြောင့် ဖြစ်သောအနာသည် သီတပထဝီနာမည်၏။ ထိုသီတပထဝီနာသည် သီတဥတုအတွင်း၌ ဖြစ်လျှင် အနာနှင့်ဥတုမှာ သဘာဂဖြစ်သော်လည်း ဥတုနှင့်ဆေးအစမှာ ဝိသဘာဂဖြစ်သောကြောင့် ဥတုကိုနိုင်အောင် ဥဏှတေဇောဆေးအစာကို ယေုဘုယျပေးပြီးမှ ဥဏှပထဝီ;ဥဏှဝါယော ဆေးအစာတို့ကို ထိုက်သင့်စွာပေး၍ ကုသင့်ရာ၏၊ ဥတုနှင့်ဆေးအာဟာရ သဘာဂဖြစ်စေရန် လိမ်းဆေးလိမ်းခြင်း ချွေးအောင်းခြင်း မီးမှိုင်းခံခြင်း ရေနွေးမှိုင်းခံခြင်း ကျပ်ထုပ်ထိုးခြင်း နှာနှတ်ခြင်း မျက်စဉ်းခတ်ခြင်းစသော ဥဏှဥတုကို ကူ၍ပေးသင့်ရာ၏။ သိုမဟုတ်လျှင် ဥဏှဥတုသို့ရောက်အောင် ဆွဲငင်၍ ကုသသင့်၏။ ၎င်းသီတပထဝီနာသည် ဥဏှဥတုအတွင်း၌ ဖြစ်ပေါ်လာလျှင် ဥတုနှင့်ဆေးအစာမှာ သဘာဂဖြစ်သောကြောင့် ဥဏှတေဇောဆေး အစာကို စိတ်ချစွာပေပြီးမှ ဥဏှပထဝီ ဥဏှဝါယော ဆေးအစာတို့ကို ထိုက်သင့်စွာ ပေးသင့်၏။ အနာနှင့်ဥတု သဘာဂဖြစ်လျှင် အနာမှာအားရှိ၍ ဆေးအစာမှာ အားနည်းခဲ့၏ ထိုအခါ ဆေးပေး၍ လွယ်ကူစွာ မပျောက်နိုင် ဥတုနှင့်ဆေးအစာ သဘာဂဖြစ်လျှင် ဆေးအစာမှာ အားရှိ၍ အနာမှာ အားနည်းခဲ့၏။ ထိုအခါ ဆေးပေး၍ အနာမှာ လွယ်ကူစွာ ပျောက်ကင်းနိုင်၏။ ထို့ကြောင့် ဥတုနှင့်မဆန့်ကျင်စေဘဲ ဆေးအစာတို့ကို ပေးသင့်၏။ အခွင့်မသာလျှင် ဥတုကို ပြုပြ...

ဝေဒနာ ဥတု အာဟာရ ရော၍ပြ

သီတနာ ၃ပါးသည် ဥဏှဥတုအတွင်း၌ သီတဆေးအစာကို စားသောသူအား ဥတုနှင့် ဆေးအစာ ဝိသဘာဂဖြစ်သောကြောင့် ယေဘုယျဖြစ်တတ်၍ သီတဥတုအတွင်း၌ သီတဆေးအစာကို စားသောသူအား ဥတုနှင့် ဆေးအစာ သဘာဂဖြစ်သောကြောင့် အနည်းငယ်ဖြစ်တတ်၏။ ပျောက်ကင်းသောအခါ ဥဏှဥတုအတွင်း၌ ဥဏှဆေးအစာကို စားသောသူအား ဥတုနှင့် ဆေးအစာ မိဿကဖြစ်သောကြောင့် ယေဘုယျပျောက်ကင်း၍ သီတဥတုအတွင်း၌ ဥဏှဆေးအစာကို စားသောသူအား ဥတုနှင့် ဆေးအစာ ပဋိပက္ခဖြစ်သောကြောင့် အနည်းငယ် ပျောက်နိုင်၏။ အစိတ်အားဖြင့်ကား  သီတပထဝီနာသည်  ဥဏှဥတုအတွင်း၌ သီတပထဝီစာကို စားသောသူအား ယေဘုယျဖြစ်တတ်၍ ဥဏှဥတုအတွင်း၌ သီတဝါယောစာ သီတတေဇောစာတို့ကို စားသောသူအား၎င်း သီတဥတုအတွင်း၌ သီတပထဝီစာကို စားသောသူအား၎င်း အနည်းငယ်ဖြစ်တတ်၏  ပျောက်သောအခါ ဥဏှဥတုအတွင်း၌ ဥဏှတေဇောစာကို စားသောသူအား ယေဘုယျ ပျောက်ကင်း၍ ဥဏှဥတုအတွင်း၌ ဥဏှပထဝီ ဥဏှဝါယောစာတို့ကို စားသောသူအား၎င်း  သီတဥတုအတွင်း၌ ဥဏှတေဇောစာကို စားသောသူအား၎င်း အနည်းငယ်ပျောက်နိုင်၏ **သီတဝါယောနာသည် ဥဏှဥတုအတွင်း၌ သီတဝါယောစာကို စားသောသူအား ယေဘုယျဖြစ်တတ်၍ ဥဏှဥတုအတွင်း၌ သီတပထဝီစာ သီတတေဇောစာတို့ကို စားသောသူအား၎င်း သီတဥတုအတွင်း၌ သီတဝါယောစာကို စားသောသူအား၎င်း အနည်းငယ်ဖြစ်...